Final part~~~

5.3K 190 10
                                    

[Unicode]

2နှစ်ခန့် ကြာသော်.......

အင်း...မနက်ဖြန်ဆို Daddyနဲ့ရိပေါ်နဲ့ လက်ထပ်တော့မယ်။

ဒီနှစ်တွေထဲ ဆိုးခဲ့သမျှကို သည်းခံပေးတဲ့ Daddyကိုလည်း အများကြီး ချစ်ရပါတယ်....

လွန်ခဲ့တဲ့ နှစ်နှစ်က ဟိုမိန်းမနဲ့ ကိစ္စပြီးကတည်းက Daddyက မိန်းကလေးတွေနဲ့ မပက်သက်ဘဲ ခပ်ခွာခွာနေတာ များတယ်။
အဲ့တာမျိုးဆို ရိပေါ်က သိပ်သိပ်ကြိုက်။
အခုတော့ Daddyဆီ သွားလိုက်အုံးမယ်။

"Daddyရေ....ရိပေါ်လာတယ်"

"အင်း...အူကြူးလိုက်လာတာလား ခဏနေ Daddyပြန်လာတော့မှာကို"

Daddyက အလုပ်စားပွဲကနေ ထလာပြီး သူ့ဘေးလာထိုင်ကာ နဖူးလေးကို ဖွဖွနမ်းတယ်။

ရိပေါ်ကလည်း Daddyမေးဖျားလေးကို ပြန်နမ်းတာပေါ့။
ဒါက အမြဲလုပ်နေကျပဲ။
တွေ့တာနဲ့ နမ်းတာပဲ လူရှေ့လည်း မရှောင်ဘူး။
ဟစ်....ဟစ်.....

"ဘွားဘွားက ပြောတယ် ဒီည ဒယ်ဒီနဲ့ ခွဲအိပ်ရမယ်တဲ့။ထုံးတမ်းအစဉ်လာအရတဲ့။သူများတွေဆို 7ရက်တောင် ခွဲနေရတာ အခုက ရိပေါ်တို့ကို သနားလို့ တစ်ညပဲ ခွဲနေခိုင်းတာတဲ့။ရိပေါ်က Daddyနဲ့ တစ်စက္ကန့်လေးတောင် မခွဲချင်ပါဘူးဆို ဘွားဘွားမကောင်းဘူး"

နှုတ်ခမ်းလေးထော်ပြီး သူ့ကိုတိုင်နေတဲ့ အူကြူးကို ရှောင်းကျန့် အူယားမှုနဲ့ ဆွဲနမ်းတော့ ချက်ချင်းပဲ ပြန်နမ်းလာတဲ့ သခင်လေး။

"အမ်...ဟို..အဲ CEO ကျွန်တော်...."

"ဟာ....ဦးဦးလုံ ဒီမှာ ရိပေါ်တို့ နမ်းနေတာ မပြီးသေးဘူး။အခု အပြင်ခဏပြန်ထွက်ပေး ပြီးရင် ရိပေါ်လာခေါ်မယ်"

ရှောင်းကျန့်ရဲ့ အတွင်းရေးမှူး ကျိုးလုံကတော့ CEOရဲ့ အသည်းအသက်ကလေး စိတ်တိုင်းကျ အပြင်ထွက်ပေးလိုက်ရလေရဲ့။

"Daddyရပြီ ပြန်နမ်းတော့"

ရှောင်းကျန့်ကတော့ သူ့အူကြူးရဲ့ ချစ်စရာကောင်းမှုကို မျက်တောင် မခတ်တမ်းကြည့်နေမိသည်။
အခုလည်း ပြန်နမ်းတော့ဆိုပြီး နှုတ်ခမ်းက ထော်ထားပေးသေးတာ။

နီနီရဲရဲ နှုတ်ခမ်းဖူးလေးကို တဖန်ပြန်စုပ်ယူလိုက်တော့ တုံ့ပြန်လာတဲ့ အူကြူး။

Daddyရဲ့ရှင်သန်ရာ [Daddyရဲ့ရွင္သန္ရာ]Where stories live. Discover now