part 5

6.8K 615 17
                                    

နုနုငယ်တစ်ယောက် လူကြားထဲအပြောခံရတာကြောင့် မျက်နှာကြီးရဲလာသည်
ရနံ့ကတော့မကျေနပ်သေးတာကြောင့်
ခက်ဆစ်တို့နားသွားလိုက်သည်

ခက်ဆစ်ကနိုင်ငံခြားသားနဲ့စကားပြောနေတုန်း
ရနံ့ကရောက်လာပြီး

"ခက်ဆစ် က eng အရမ်းကောင်းတာဘဲနော် "

"အဲ့ဒီတော့ "

"အော် ထူးဆန်းလို့ပါ ခုခေတ်က eng ကောင်း
တဲ့သူရှားသွားပြီးလေ "

ရနံ့ကဘေးကနိုင်ငံခြားသားကိုပါလှည့်ပြီးစကား
ပြောတော့သည်

"ရနံ့ နင် နိုင်ငံခြားမှာကျောင်းပြီးတာသေချာလား"

"ဘာလို့လဲ"

"နင့် eng စာက google translate အသံ
လိုဖြစ်နေလို့"

ခက်ဆစ်က ပြောပြီးဦးမာန်အနားကိုထွက်သွား
လိုက်သည်

"ငယ် စကားပြောပြီးပြီးလား"

"အင်း ပြီးပြီး "

"Baby နဲ့ မာန်က တူတူလာတာလား"

သူတို့ရှေ့က ဓနတိုး ကမေးလာသည်

"ဟုတ်တယ်လေ ဘာလို့လဲ ကိုရဲ့ ကိုတောင်
ညီမလေးကိုခေါ်လာတာဘဲမလား "

ဓနတိုးပါးစပ်ပိတ်သွားသည် နုငယ်က ဝိုင်ခွက်နဲ့
သူတို့နားရောက်လာပြီး ခက်ဆစ်ရှေ့မှာတမင်
ဓနတိုးလက်မောင်းကိုဖက်လိုက်သည်

"ကိုကိုက ဒီတလော မအားဘူးလေ ခက်ဆစ်
ကိုအချိန်မပေးနိုင်တော့ ခက်ဆစ်ကဝမ်းနည်းမှာ
ဘဲနော် စိတ်မပူပါနဲ့ နုငယ်က ကိုကို့ ကိုသေချာ
ကြည့်ထားပေးပါ့မယ် "

"မလိုဘူး ငါကအနီးကပ်လူတွေကိုပိုကြောက်
တာ နုငယ်နဲ့ ကိုနဲ့က မောင်နှမဆိုတော့
ဘယ်လိုတော်တာလဲ"

နုငယ်နဲ့ဓန တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး

"ဒီလိုပါဘဲ ဆွေမျိုးနီးစပ် တော်တာ "

"Aww..."

"ငယ်ပြန်ကြတော့မလား"

"ကောင်းသားဘဲ ဒီမှာကအာရုံနောက်တယ်
ပြန်ကြမယ်လေ .... ကို ခုလုပ်နေတဲ့ ပရောဂျက်
အောင်မြင်ပါစေနော် "

အလှည့်ပြောင်း / အလှည့်ပြောင်း (Completed)Opowieści tętniące życiem. Odkryj je teraz