"ဝမ်ရိပေါ်!!!!"
"အားး ကျန့်ကောရာဘာဖြစ်တာလဲ"
"မင်းဒီနေ့ဘာလုပ်မယ်ပြောထားလဲ"
"ဟမ်"
အာဟုတ်သားပဲဒီနေ့ကျွန်တော်ဟင်းချက်ကျွေးမယ်လို့ပြောထားတာပဲမေ့နေတာကျန်ငါတော့သေပြီပဲ
"ဟီးကျန့်ကောရာမေ့သွားလို့ပါဗျအခုထပြီနော်ထပြီ"
"မင်းတော့ညစာငတ်ချင်နေပြီထင်တယ်"
"ကျန်ကော့ကလည်းညစာတော့မငတ်ပရစေနဲ့အခုထချက်ပြီနော်"
"ဟွန့်"
ကျွန်တော်နာမည်ကဝမ်ရိပေါ်ကျန့်ကောဆိုတာကကျွန်တော့်ရဲ့အချစ်ရဆုံးလူသားရှောင်ရှောင်းကျန့်ပါကျွန်တော်တို့ကတိုက်ခန်းတစ်ခန်းမှာအတူတူနေပြီးအလုပ်တစ်ခုမှာအတူတူလုပ်ကြတာပေါ့
ချစ်သူဖြစ်တာကတော့ကျွန်တော်၂၄နှစ်ပြည့်မွေးနေ့မှာကျန့်ကောကိုရည်းစားစကားေပြာပြီးအဖြေတောင်းခဲ့တယ်အခုဆိုကျွန်တော်တို့တွဲလာတာ၁နှစ်ပြည့်တော့မယ်ကျန့်ကောကကလေးဆိုကြီးလိုပဲတစ်ခါတစ်လေချွဲတက်ပြီးတစ်ခါတစ်လေရင့်ကျက်တက်တာကျွန်တော်ကသူ့အလိုလိုက်ပေးရတာပေါ့
"ဝမ်ရိပေါ်ရေချိုးခန်းထဲဝင်ပြီးအိပ်နေတာတော့မဟုတ်ပါဘူးနော်"
ကြည့်ပြောရင်းနဲ့အပြင်ကနေအော်နေပြန်ပြီ
"မအိပ်ပါဘူးဗျာ လာပြီလာပြီ"
မြန်မြန်သွက်သွက်လုပ်ပြီးအပြင်ပြန်ထွက်လာခဲ့ရတယ်
"လာပါပြီကျန့်ကောရာ"
"ပြီးရောငါစောင့်နေမယ်လာခဲ့လိုက်တော့"
"ဟုတ် ဟုတ်"
ဒီလိုနဲ့အောက်ထပ်ဆင်းလာသူ့စိတ်တိုင်းကျဟိုဟာချက်ဒီဟာချက်နဲ့ဘေးနားကနေလည်း
"ရိပေါ် ဟိုဟာလေးထည့်"
"ရိပေါ် ဒါလေးထည့်"
"ရိပေါ် ထပ်ထည့်အုန်းပေါ့တယ်"
"အားးရိပေါ် ငန်တယ်"
နဲ့အမျိုးမျိုးမပြီးနိုင်ဘေးနားကပေါက်ပေါက်ဖောက်နောက်ဆုံးတော့သူလိုချင်တာအရသာရှိတာတွေရသွားပြီးထိုင်စားနေပါတော့တယ်