ထိုနေ့ကနေစပြီး Ellaထပ် ပိုချွဲလာသူက Jennie။အိမ်မှာလည်းအိမ်မှာမို့လို့ ရုံးမှာလည်းရုံးမှာမို့လို့သိပ်ချွဲလွန်းနေသည်။
ဘယ်ကအတတ်ကောင်းတွေပါလိမ့်။"နင့်မားရေ နေ့လည်စာစားကြမယ်"
ရုံးခန်းတံခါးကို အသံမပေးပဲဖွင့်ဝင်သည့် တစ်ဦးတည်းသော ဝန်ထမ်းကို Warningပေးဖို့ jisooမစွမ်းသာ။
"တံခါးခေါက်ပြီးမှဝင်ပါလို့ပြောထားတယ်လေ jennie"
"ဟယ် ဘာဖြစ်လဲ ကိုယ့်အမေဆီကိုယ်လာတာပဲကို"
ခွန်းတုံ့ပြန်နေသည့်Jenကို jisooလက်လျှော့လိုက်သည်။ရုံးခန်းတစ်ခုထဲမှာအတူနေရလို့သာပဲ။မဟုတ်ရင် ရုံးခန်းကိုချောင်းပေါက်မတတ်လာမှာ ကလေးမလေးက။
"သွားစားနှင့် ငါလုပ်စရာရှိသေးတယ်""ဟင့်အင်း ဟင့်အင်း နင့်မားနဲ့မှအတူတူစားမှာ"
လုပ်ပြန်ပြီ။စားပွဲခုံရှေ့ လငပုတ်ဖမ်းထားတဲ့ မျက်နှာပေးကြီးနဲ့ ဆူထွက်နေတဲ့ နှုတ်ခမ်းတွေက jisooကိုတောင် ထိတော့မည့်အလား။
"ရုံးမှာဆို နင့်မားလို့မခေါ်နဲ့လို့ ငါဘယ်နှစ်ခါပြောထားရမလဲ"
တကယ့်အဆိုးလေးပါjenက။jisooရဲ့ပင်တိုင်ရည်းစားဖြစ်တဲ့ Yoonaလာတုန်းကလည်း နင့်မား နင့်မားနဲ့ ကပ်ချွဲနေလို့ဟိုကစိတ်ကောက်သွားတာအခုထိပြန်ချော့မရ။
"အခေါ်မခံချင်ရင် နေ့လည်စာသွားစားမယ်လို့ ဗိုက်ဆာနေပြီလို့"
ပူညံပူညံနှင့် အလုပ်ထဲ စိတ်မရောက်မယ့်အတူတူ နေ့လည်စာကိုjenနှင့်စားဖို့သူမဆုံးဖြတ်လိုက်သည်။
"ကဲ..သွားမယ်"
"နင့်မားအရင်သွားနှင့်....သန့်စင်ခန်းခနသွားပြီးပြင်ဆင်လိုက်အုံးမယ်"
"နေ့လည်စာက ရုံးရှေ့မှာပဲစားမှာကို"
"မရှည်ပါနဲ့ နင့်မားရဲ့သမီးလုပ်နေပြီး နင့်မားလောက်မလှရင် လူရယ်စရာကြီးဖြစ်မှာ"
YOU ARE READING
My mom lover is my sister
Fantasíaအိပ်မက်တို့က လှပသလောက် လက်တွေ့တည်ရှိမှုက အကျည်းတန်နေသလို ဘယ့်နှယ်... ကိုယ့်မွေးစားသမီးကိုမှ အပိုင်လိုချင်တယ်တဲ့လား