Ch 4 [Blade]

6.9K 469 14
                                    

ဆုန်းမိသားစု၏သခင်ကြီးဆုန်းအီဗြောင်နှင့် သခင်မကြီး ရှင်းရုန် တို့သည် မိဘများ၏စီစဉ်ပေးမှုကြောင့်သာလက်ထပ်ခဲ့ရခြင်းဖြစ်ပြီး တစ်ဉီးနှင့်တစ်ဉီးချစ်ခင်နှစ်သက်ခဲ့ခြင်းမရှိပဲ သူငယ်ချင်းမိတ်ဆွေလိုသာသဘောထားခဲ့ကြသည်။သို့သော် ရှင်းရုန်သည်လည်း Omegaပေမို့ သူမ heat ဝင်နေသည့်အချိန်တွင် ဆုန်းသခင်ကြီးနှင့်မတော်တဆ အတူနေမိပြီး ကိုယ်ဝန်ရခဲ့လေသည်။

ထိုကိုယ်ဝန်မှာ ဆုန်းအီထယ်လေးပင်ဖြစ်သည်။ဆုန်းအီထယ် အသက် ၁နှစ်မှာပဲ ဆုန်းယွန်းဟွာကိုရရှိခဲ့သည်။ထို့နောက် ဆုန်းအီထယ်အသက်၂နှစ်တွင်ဆုံးပါးသွားခဲ့သည်။ရှင်းရုန်သည် မသေခင်တွင် ဆုန်းသခင်ကြီးနှင့် ဆုန်းသခင်ကြီး၏အချစ်ဉီးဂျူနန်ဖြိုနှင့် လက်ဆက်ရန်သဘောတူညီခဲ့ပေးခဲ့သည်။

ဤသို့ဖြင့် ရှင်းရုန်သေဆုံးပြီးနောက် ဂျူနန်ဖြိုကိုလက်ထပ်ယူကာ အိမ်ပေါ်ခေါ်လာခဲ့သည်။ယွန်းဟွာလေး ၅နှစ်အရွယ်တွင် ဂျူနန်ဖြိုသည် ဂျီဟျွန်းလေးကိုမွေးဖွားရင်းမီးတွင်းတွင်သေဆုံးခဲ့သည်။မယားအပူမိနေသော ဆုန်းသခင်ကြီးကြောင့် ကလေးသည် သားရူးရူးနေသော စိတ်ရောဂါသည်မက ခိုးယူထွက်ပြေးခဲ့သည်။သို့သော် သခင်ကြီးသည် လိုက်မရှာခဲ့ပေ။အဲ့အစားအခြားကိစ္စများဖြင့်သာအလုပ်ရှုပ်နေခဲ့သည်။

၉နှစ်ကျော်ကြာကာမှ ကလေးသတင်းကိုအဆက်မပြတ်လိုက်ရင်းမိဘမဲ့ဂေဟာမှ ဂျီဟျွန်းလေးကိုပြန်လည်တွေ့ရှိခဲ့လေသည်။ဂျီဟျွန်းလေးကိုအိမ်ပေါ်သို့တင်လာသောအခါ အကြီးဖြစ်သူ အီထယ်လေးကဘာမျှမပြောသော်လဲ ယွန်းဟွာက မလိုမုန်းထားစိတ်ထားကာ ဂျီဟျွန်းကိုနှိပ်စက်ခဲ့သည်။သူမ ဂျီဟျွန်းလေးအား မကြာခဏရိုက်နှက်လေ့ရှိသော်လဲ မုန်းသည့်စိတ်တော့မရှိခဲ့ဖူးပေ။

အသက်ကြီးလာကြသော် အီထယ်သည် သူ့ငယ်သူချင်းဖြစ်သူ လီဗြောင်ထယ်ထံမှ ဖွင့်ပြောခြင်းခံရလေသည်။လီဗြောင်ထယ်ကို သူ့ညီမ ယွန်းဟွာကကြိုက်နေခဲ့ရသည်မှန်းသိတာကြောင့်ရော၊Alphaအချင်းချင်းဖြစ်နေတာကြောင့်ရော သူငြင်းဆန်ခဲ့သည်။ထိုအကြောင်းကို ယွန်းဟွာသိသော်ဗြောင်ထယ်၏ညီမဝမ်းကွဲ ၊ သူမ၏သူငယ်ချင်းဖြစ်သူ လီဂျူဟာကိုပြောပြခဲ့သည်။သူမပျက်ဆီးခြင်း၏အစမှာ လီဂျူဟာပင်ဖြစ်သည်။လီဂျူဟာသည် သူမ၏အကို လီဗြောင်ထယ်ကိုစိတ်ဝင်စားနေသူဖြစ်တာကြောင့် အီထယ်ကိုထိခိုက်အောင်လုပ်ရန်ကြိုးစားကာ ယွန်းဟွာကိုသာအပြစ်ပုံချလေ့ရှိသည်။

ဘုရားစူး!ငါကဗီလိန်ပါဟ ဇာတ်လိုက်မ မဟုတ်ဘူးလို့ [Normal]Where stories live. Discover now