unicode
တစ်အုပ်စုလုံး အတန်းပြေးကာ YU သို့ သွားခဲ့ရခြင်းကား မြတ်ဘုန်းခန့်မှ နားပူနားဆာ လုပ်ခဲ့ခြင်းကြောင့်ပေ
ကျန်သူများမှာလည်း ပြောချင်လျက်လက်တို့ဆိုသလို သွားချင်နေသူများဖြစ်ရာ မြတ်ဘုန်းခန့် နှစ်ခါမခေါ်လိုက်ရပါ
အေးဆေးနေတတ်သည့် မြတ်ဘုန်းခန့်မှ စတင်ဆွဲဆောင်ကာ yu သို့ သွားချင်ရသည့်အကြောင်းအရင်းအမှန်ကို ဘယ်သူမှလည်းမရိပ်မိခဲ့သလို ဘယ်သူကမှလည်း သံသယမဖြစ်ခဲ့ကြ
သံသာ ရာစုနဲ့အယ်လင်း တို့က စတုဒီသာစား ရေပက်ခံလိုက် ကောင်မလေးများအားလိုက်ငေးလိုက် stage ရှေ့သွားကလိုက်နှင့် yu thingyan တွင် ပျော်ပါးနေချိန်
တစ်စုံတစ်ယောက်အားလိုက်ရှာနေသော မြတ်ဘုန်းခန့်အား ဘယ်သူမှ သတိမထားမိခဲ့ကြ
မြတ်ဘုန်းခန့် yu သို့လာခဲ့ရခြင်းက yu တွင် IR တက်နေသော တစ်စုံတစ်ယောက်ကြောင့်ပင်
သူမသိစေချင်လို့ ယနေ့လို လူစုံမည့်နေ့မျိုးကိုရွေးကာ တိတ်တဆိတ်ခိုးကြည့်ပီး တိတ်တိတ်ကလေးပြန်သွားရန် စီစဥ်ထားခြင်းဖြစ်သည်
ကျောင်းဝန်းထဲစဝင်လာခဲ့စဥ်ကတည်းက မြင်မြင်သမျှအုပ်စုများကိုကြည့်ကာ သူ့အားရှာဖွေခဲ့ပါသော်လည်း မတွေ့သေးပါ
အဆိုတော်တွေတစ်ယောက်ပီးတစ်ယောက် ဖျော်ဖြေနေသော stage ဘက်အရောက်တွင် လူများက ပိုရှုပ်လာကာ သူ့အားရှာရန်အလွန်ခက်ခဲလာသည်
အတူလာသော သံသာတို့နှင့်ပင် လူတိုးရင်း တစ်ခါတစ်ရံအုပ်စုကွဲသွားသောအခြေအနေတွင် ရှာဖွေနေသော သူအားတွေ့လိုက်ပါပီ
stage ရှေ့ stage နှင့်သိပ်မဝေးသောနေရာတွင် music သံနှင့်အတူ ရေစက်များကြား စည်းချက်ကျကျလှုပ်ရင်း လိုက်ကနေသော ကျွန်တော့်ရဲ့မေသွယ်
အရပ်မြင့်မြင့်ဖြင့် ဆောင်းထားသော ဦးထုပ်အောက်မှ လှုပ်ဝဲနေသော ရေစိုဆံပင်လေးများနှင့် သူမက ဘုန်းခန့်အတွက်တော့ ပေါ်လွင်ထင်ရှားနေသည်
စိတ်နာအောင်ဘယ်လောက်ပဲလုပ်ခဲ့လုပ်ခဲ့ စိတ်မနာနိုင်သူလေးပါ
YOU ARE READING
သော ( completed)
Romance(Z+U) '' မြတ်နိုးရပါသော ဆိုတဲ့စာကြောင်းလေးက ဘာကိုဆိုလိုချင်ခဲ့တာလဲ ကျွန်တော်သိချင်မိတယ် ပီးတော့ စာအုပ်ထဲက သောဆိုတဲ့ကောင်လေး အကြောင်းရောပဲ ကျွန်တော်မေ့နေခဲ့တဲ့မှတ်ညဏ်တွေထဲက တစ်စုံတစ်ယောက်ပေါ့ '' (ပိုင်မင်းသာဟန်) '' ကျွန်တော့်ဘဝရဲ့ပထမဆုံးလိုအင်နဲ့တော...