Part.1.He believes in fairytales but he does not.

1.2K 94 16
                                    

လူတိုင်းကြုံဖူးကြမှာပါပဲ။ ကိုယ်ဟာ ဘယ်လိုလူမျိုးလဲဆိုတာသိပြီး၊ နားလည်ပြီးပေမဲ့ လက်ခံနိုင်ဖို့၊ ကိုယ့်ရဲ့ကိုယ်ပိုင်သဘာဝနဲ့နေသားကျနိုင်ဖို့ စိတ်ပျက်စရာကောင်းလောက်အောင် အချိန်ယူနေရတဲ့ဖြစ်ရပ်မျိုး။

Gay bar လို့လွယ်လွယ်ကူကူခေါ်ဝေါ်လို့ရတဲ့ ဒီနေရာကို လာရောက်ချင်လွန်းတဲ့ဆန္ဒကြောင့် သူငယ်ချင်းဖြစ်သူကို အတင်းအဓ္ဓမပူဆာပြီး တကယ် ရောက်လာချိန်မှာတော့ ဒီပတ်ဝန်းကျင်ဟာ သူ့အတွက် သက်တောင့်သက်သာဖြစ်မနေခဲ့။

အဖော်များဖြစ်လေမလားလို့ထင်မှတ်ထားတဲ့ သူငယ်ချင်းကလည်း သူ့ကို ဘေးနားငုတ်တု​တ်ထားပြီး အလှလေးတစ်ယောက်ကို ကလူမြှူနေလိုက်ပုံမှာ လှည့်ကြည့်ချင်စိတ်တောင် ကုန်ဆုံးစေပါရဲ့။

သူ့အရှေ့မှာချထားတဲ့ Black Manhattan ခွက်ကြောင့်ပဲလားတော့မဆိုတတ်။ အရောင်အသွေးစုံလင်တဲ့လိပ်ပြာငယ်လေးတွေတင်မကဘဲ သူ့သွေးကိုစုပ်ယူဖို့ကြံစည်နေတဲ့ အိုကြီးအိုမ ခြင်ကောင်ကြီးတွေကပါ သူ့ရဲ့အနားမှာရစ်ဝဲနေတယ်။

ဒါကိုသတိထားမိပေမဲ့ တစ်စုံတစ်ယောက်ကိုရွေးချယ်ပြီး သွေးဆောင်ဖျားယောင်းဖို့၊ ဒါမှမဟုတ် တစ်စုံတစ်ယောက်က သွေးဆောင်ဖျားယောင်းတာကို သဘောတူညီစွာခံယူဖို့ စိတ်မကူးမိဘူး။

ဒီနေရာကိုသူလာခဲ့တာ ပတ်ဝန်းကျင်နဲ့နေသားကျချင်ရုံသက်သက်လေ။ သူ့ရဲ့ကာမဆန္ဒကို ဖြေဖျောက်နိုင်ဖို့ ခန္ဓာကိုယ်တစ်ခုကို ငှားရမ်းချင်တဲ့ဆန္ဒနဲ့မှမဟုတ်ပါဘဲ။

"Minho..."

အတွေးထဲနစ်မျောနေတယ်လို့ဆိုရအောင် သူ့ခေါင်းထဲ အတွေးစတစ်စုံတစ်ရာ ရှိနေတာမျိုးလည်းမဟုတ်ပါဘဲ နစ်မြောနေခဲ့ရာက မလှမ်းမကမ်းနေရာမှာ အလှလေးတစ်ယောက်ကိုပေါင်ပေါ်တင်ထိုင်ပြီးအရသာခံနေတဲ့ သူငယ်ချင်းဖြစ်သူက လှမ်းခေါ်လာတော့ စိတ်မပါလက်မပါဟန်နဲ့လှည့်ကြည့်လိုက်တယ်။

ခန္ဓာကိုယ်ချင်းပေါင်းစပ်သွားတော့မတတ် ပူးကပ်နေတဲ့ သတ္တဝါနှစ်ဦးဘေး ဘာမထီမျက်နှာပေးနဲ့ မတ်တပ်ရပ်နေတဲ့ လူသားတစ်ဦးက ဒီနေ့အတွက်သူ့ရဲ့အာရုံကို ပထမဆုံးဖမ်းစားနိုင်တဲ့ လူထူးဆန်းကလေးပဲ။

Payphone || Minsung Short Story||Where stories live. Discover now