🔥21🔥

3.7K 361 72
                                    

ရာသီဥတုသည်ကြည်လင်နေကာ လေလေးကတဖြူးဖြူးတိုက်ခတ်နေသည်။
မလှမ်းမကမ်းကပန်းခြံလေးတွင် ကြည်ကြည်နူးနူးရှိနေကြသော ခပ်ငယ်ငယ်အတွဲတချို့အားတွေ့ရသည်။ တီတီတာတာကလေးငယ်လေးများနှင့်ဆော့ကစားနေသောမိဘများအားလည်းတွေ့ရကာတလောကလုံးသည် သူ့ဟာနဲ့သူ အံဝင်ခွင်ကျအဆင်ပြေနေပါသည်။

ထိုစဉ်လေကခပ်သော့သော့လေးတိုက်ခတ်လိုက်တာကြောင့် သူ့ဆံပင်တို့လေနောက်တွင်တလွင့်လွင့်နှင့်။

သူရှိနေသောနေရာနှင့်အနည်းငယ်လှမ်းသောနေရာတွင် ပြိုင်ကားနီိီနီလေးတစ်စီးရပ်ထားသည်။ဘေးမှ မလှုပ်မယှက်ထိုင်နေသူလေးအားကြည့်မိတော့ အေးနေပုံရကာ ပါးလေးနှစ်ဖက်သည်နီမြန်းနေ၏။

သူတို့နှစ်ယောက်ထိုင်နေသည်မှာ ဟန်မြစ်ကမ်းဘေးကခုံတန်းလေးတစ်ခုတွင်ဖြစ်သည်။

"နွေးတာလေးဝတ်ခဲ့ပါဆို Min ရယ်"

သူ့အသံသည် စိတ်ပူတာတဝက် နာကျင်နေရတာတဝက်နှင့် အနည်းငယ်တုန်ရီနေလိမ့်မည်။
လည်ပင်းမှာပတ်ထားသော မာဖလာနက်ပြာရောင်လေးအားချွတ်ပြီး ဘေးကအကောင်ပေါက်လေးအားပတ်ပေးမိတော့ အားနာသည့်ဟန် စိတ်မကောင်းဖြစ်ဟန်တို့ရောယှက်နေသော မျက်ဝန်းလေးဖြင့်မော့ကြည့်သည်။

ထို့နောက် စကားသံတိုးတိုးလေးထွက်ကျလာသည်။

"ကျေးဇူးတင်ပါတယ် လူကြီး"

"လိုလို့လား Min"

နှစ်ယောက်ကြားမှာတိတ်ဆိတ်သွားပြန်သည်။
လူကြီးရဲ့ပလာစတာကပ်ထားသောဒဏ်ရာတချို့ကိုကြည့်ရင်း ပြောစရာရှိသည်များအားဘယ်ကစပြောရမှန်းမသိ။
အချိန်သည်ခဏပဲရကာ ကားပေါ်ကစောင့်နေတဲ့ကောင်သည် ဘယ်အချိန်လာသာသနာဖျက်မည်မသိ။

စကားလေးတခွန်းစဖို့ကို ဘာလို့ဒီလောက်အထိခက်ခဲနေရပါလိမ့်။

နောက်ဆုံးတော့ ပင့်သက်တချက်ရှိုက်လိုက်တော့သည်။

"လူကြီး..."

"ကိုယ့်နောက်လိုက်ခဲ့တော့ Min အခုပဲ Min ကိုပြန်ခေါ်သွားတော့မယ်"

ရုတ်တရက်လက်ကိုကောက်ဆွဲလိုက်ကာ မတ်တပ်ရပ်လိုက်သော လူကြီးကြောင့် Jimin မှာအလန့်တကြားဖြစ်သွားသည်။
JeonJungkook ရှိသောအမိုးဖွင့်ကားနီနီလေးဆီလှမ်းကြည့်လိုက်တော့မှပင် တော်ပါသေးသည်ဟု သက်ပြင်းချလိုက်ရသည်။
JeonJungkook သည် သူတို့ရှိရာဆီလှမ်းကြည့်မနေ။
ပါးစပ်ထဲတွင်ပီကေထည့်ဝါးကာ ဂိမ်းကိုအသဲအသန်ဆော့နေသည်။
သူ့အတွက်ကဘာမှမဖြစ်။
လူကြီးကို ထပ်အထိအခိုက်မခံနိုင်ပေ။
ဟိုမကောင်းဆိုးဝါးသည် အချိန်မရွေးပေါက်ကွဲနိုင်သော ဗုံးတလုံးဖြစ်တာကြောင့် လက်ကိုမသိမသာရုန်းလိုက်သည်။

I hate you, I love you [Complete]Where stories live. Discover now