လူသားတွေက ပျော်ရွှင်ကြတဲ့အခါ
သိသိသာသာ ရယ်မောတတ်ကြ၏။
ငါကရော ဘာအတွက်ရယ်နေခဲ့တာလဲ။............
စတင်တွေ့ဆုံခြင်း
ဒီနေ့ မိုးတွေသည်းကြီးမဲကြီးရွာနေသည်။
စာသင်ခန်းထဲမှာအေးစက်နေပေမယ့်
မမူ ။
အအေးမကြိုက်တဲ့ငါက အေးစက်နေတဲ့ပတ်ဝန်းကျင်ကိုတော့ နှစ်သက်တယ်။စာသင်ခန်းထဲဝင်လာသော ခြေသံနှစ်ခုက
တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။
ပြိုကွဲသွားသော တိတ်ဆိတ်မှုတို့နှင့်အတူ
ထွက်ပေါ်လာသော "ငါ့နာမယ် မျိုးမြတ်"
ဆိုသည့် နှုတ်ဆက်သံကြား ငါ့အနားလေးက
အအေးဓာတ်တွေ လွင့်စင်သွားပြီး အပြုံးခပ်ပါးပါးတစ်ခုက နေရောင်ခြည်ကို ပြန်သဲ့ယူလာပေးခဲ့သည်..........
"မိုးဆေး"
မနေ့ညကမပြီးခဲ့သည့် စာစီစာကုံးကိုထိုင်ရေးနေရင်း ထိုကျောင်းသူအသစ်လေးက ငါ့နာမယ်ကိုခေါ်လာသည်။ဘေးမှာချထားသည့် စာအုပ်အဖုံးကနေ ငါ့နာမယ်ကိုဖတ်လိုက်သည်ထင်။
ဘေးကိုလှည့်ကာကြည့်လိုက်တော့
ပြုံးယောင်ယောင်နှုတ်ခမ်းတို့နှင့်အတူ
အကောင်းဆုံးပါရမီဖြည့်ဖက် ပါးချိုင့်ငယ်
တို့နှင့် ဆုံသည်။ငါ့တောင်မသိလိုက်ခင်
ငါတောင်သတိမထားမိခင်လေးမှာငါ့နှလုံးသားတစ်ခုလုံးဟာ
ထိုပါးချိုင့်ငယ်တို့ထဲ
ခစားမိသွားလေရဲ့။...........
" တုံးတုံးသိလား"
" တုံးတုံးရေ"
"ဒီအပုဒ်ကလေ တုံးတုံး"
ဟုတ်ကဲ့ ငါ့နာမယ် မိုးဆေးပါ။
ဝတ္ထုတွေအဖတ်များတဲ့ အဖေနဲ့အမေပေးထားတဲ့
နာမယ် မိုးဆေးပါ။ဒီလောက်ကောင်းတဲ့ မိုးဆေးဆိုတဲ့ နာမယ်က
မျိုးလက်ထဲမှာ အလဲလဲအကွဲကွဲ။ခင်လာတဲ့တစ်လျှောက် ငါ့ကိုမျိုးခေါ်တဲ့ နာမယ်တွေကအများသား။
မိုးဆေးကနေ မု(mood)၊
မု ကနေ ကမု
ကမု ကနေ ကျောက်တုံး
ကျောက်တုံးကနေ အခု တုံးတုံးဘဝ ရောက်သွားတာပဲ။