Unicode
တိုင်ကပ်နာရီကိုမော့ကြည့်မိတော့ ၁၀ နာရီအတိ။Felix ရင်ထဲတွင် ဝမ်းနည်းမှုတို့ပြည့်လျှံလျှှက် သက်ပြင်းမော တစ်ခုသာချရန် တတ်နိုင်သည်။ ဒီညလဲ Hyunjin အိမ်ပြန်မလာပါ။
နိုင်ငံကျော် Artist ဖြစ်သော Hyunjin က သူနှင့် တိတ်တဆိတ် လက်ထပ်ပြီးတာတောင် ဇာတ်လမ်းတွဲတွေ လက်ခံရိုက်ကူးနေတုံး၊showပွဲတချို့တလေ လက်ခံလိုက်ဆိုနေတုံး ဖြစ်သည်။ ဇာတ်ဆောင်မင်းသမီးလေးများဖြင့် ပလူးချင်နေသေးသည့် ဒင်းကိုပညာနည်းနည်းတော့ပေးရဦးမည်။ကျလုဆဲဆဲမျက်ရည်တို့ဖြင့် ဝိုင်းရံနေသော မျက်ဝန်းတို့ကို အကျႌလက်အနားစဖြင့် ဖိပွတ်လိုက်ကာ နှာတချက်ရှုံ့ရင်း
"Hwang Hyunjin မင်းဒီနေ့ငါ့ကို ဖက်အိပ်ဖို့မကြိုးစားနဲ့ "
တစ်အိမ်လုံးရှိ အလုပ်များကို လုပ်လို့ပြီးသည့်အချိန်မှာတော့ ၁၂ခွဲတောင် ကျော်ကာ လူလဲပင်ပန်းလို့နေပြီ။ခဏနားပြီးလျှင် လန်းသွားအောင် ရေချိုးလိုက်မည်ဟုစဉ်းစားရင်း ဖုန်းကိုကောက်ယူကာ ဆိုဖာပေါ် အလျားလိုက်ပစ်လှဲပစ်လိုက်သည်။ထို့နောက် SNS ထဲ၌ဟိုဟိုဒီဒီ ပွတ်ရင်း နာမည်ရမင်းသမီး တစ်ယောက်မှ Hyun ကို Tag တွဲကာ တင်ထားသောပုံတစ်ပုံသို့ အကြည့်အရောက်
"Sh*t ဒီကောင်"
မင်းသမီး၏ခါးကို ပယ်ပယ်နယ်နယ်ဖက်ထားကာ မျက်နှာနှစ်ခုတို့က နမ်းတော့မည်ဟုထင်ရလောက်အောင် ပူးကပ်ရင်း အကြည့်ချင်းဖလှယ်နေကြသည်။ ဘယ်လိုပဲ ရုပ်ရှင်ပိုစတာလိုမျိုး အသက်ဝင်အောင်ရိုက်သည်ဖြစ်နေပါစေ ဒီလိုပုံကတော့ လွန်လွန်းတယ်မလား..ပြီးတော့ သူ့ကိုယ်သူအခုထိလူလွတ်လို့ထင်နေတာလား
ဘယ်လိုပဲ ရုပ်ရှင်ရိုက်သည်ပြောပြော သဝန်တိုစိတ်များလွန်းသော Felixအတွက်တော့ ဘယ်သူနဲ့မှတွဲတွေ့ရသည်ကအဆင်မပြေနေခဲ့။ ဝင်စွက်ဖက်ပိုင်ခွင့်မရှိသော်ငြားလည်း သူတို့သည်မိန်းမသားများ၊ သူကထိုကဲ့သို့ ရှိုက်ဖိုကြီးငယ်တို့မရှိသည့် ယောကျ်ားသား... Hyunက ကြာရင် သူ့ကိုစိတ်ကုန်သွားမည်လား...စိတ်ထဲသို့ ထိုးတက်လာသည့် ဝမ်းနည်းခြင်းတိမ်စိုင်တိမ်ရိပ်တို့အား မနည်းမြိုချရင်း ဖုန်းကိုချကာ ရေချိုးမည်အလုပ်... ရုတ်တရက် သူ၏အာရုံတို့ကို ဖမ်းစားလိုက်ပါသော Videoအတိုလေး တစ်ခု
YOU ARE READING
sᴡᴇᴇᴛ ғɪɢʜᴛs || ʜʏᴜɴʟɪx
Fanfiction-ᴀʟᴡᴀʏs ᴛɪʀᴇᴅ ʙᴜᴛ ɴᴇᴠᴇʀ ʀᴜɴ ᴀᴡᴀʏ ғʀᴏᴍ ʏᴏᴜ -ɪ ᴀᴅᴏʀᴇ ʏᴏᴜ ʟɪxɪᴇ