Unicode
"ကိုကိုကြီး ကိုကိုကြီးbabyကိုခေါ်"
"babyကချီစေချင်တာလား"
"အင်း ကိုကိုကြီးကို အချစ်ဆုံး"
အမိန့် သူ့ရှေ့က မပီပြင်တဲ့ပုံရိပ်တွေကို
ဖမ်းယူရင်း ကြားနေရတဲ့ အသံတွေကြောင့်
ခေါင်းတွေထိုးကိုက်လာသည်။"ဒါက ဘာလဲအမိန့်ရာရဲ့ ငယ်ဘ၀လား"
"ခစ် ခစ်ကိုကိုကြီး"
အရှေ့က အသေးအကြီး ပုံရိပ်လေးနှစ်ခုရဲ့
ပြေးလွှားနေတဲ့ ပုံရိပ်တွေကိုကြည့်ရင်း
သူ့နှလုံးထဲကပါ ထိုးအောင့်လာသည်။"အ"
မီးရောင်မှိန်မှိန်အခန်းထဲ အမိန့်တစ်ကိုယ်လုံး
ချွေးတွေရွဲနစ်ကာ နှိုးထလာခဲ့သည်။
တစ်ပိုင်းတစ်စမှတ်မိနေတဲ့ ပုံရိပ်တွေကြောင့်
သူပြန်မြင်ယောင်မိသည်။အိမ်မက်ထဲကနှစ်ယောက်က ဘယ်သူတွေလဲ။
အမိန့်ရာရဲ့ ငယ်ဘ၀ဆို ကိုကိုကြီးက
ကိုကြီးလား။ရုပ်တွေကို မမြင်နိုင်ပေမဲ့
တစ်စွန်းတစ်စမြင်နေရတဲ့ နှုတ်ခမ်းတစ်စုံက
ကိုကြီးရဲ့နှုတ်ခမ်းတစ်စုံ မဖြစ်နိုင်ပါ။ရှုပ်ထွေးလာတဲ့ အတွေးတွေကြောင့်
အမိန့်ဆက်မတွေးတော့ဘဲ ပြန်အိပ်လိုက်သည်။
ခွန်းကတော့ တစ်ရေးမှမနှိုးဘဲ အိမ်မက်တွေ
ကောင်း၍လားမသိ၊မီးရောင်မှိန်မှန်အောက်မှာ
အနည်းငယ် တွန့်ကွေးနေသည့်တစ်စုံကို
မြင်နေရသည်။ညက အိမ်မက်တွေနဲ့အတူ
လှုပ်ရှားသက်ဝင်မူတွေ ကင်းမဲ့နေတဲ့
အဆောင်းဝင်းကို ကြည့်ကာ အမိန့် သက်ပြင်း
ချလိုက်သည်။ ဒီလို အားလပ်ရက်ရတဲ့
အချိန်တိုင်း အိမ်မပြန်ဘဲ အဆောင်မှာပဲ
နေနိုင်သည့် ကျောင်းသားအနည်းငယ်ကို
လေးစားမိသည်။ အရင်အမိန့်ကတော့မသိ
သူ့မှာတော့ အဆောင်ဝင်းကို ကြည့်ကာ
သရဲလာခြောက်မှာ တွေးပူမိသည်။
ညက အိမ်မက်တွေကိုတွေး၍ ဒီမနက်ကျမှ
သရဲနယ်မြေကိုများ ရောက်သွားလားဆိုပြီး
သူမနေသာဖြစ်နေသည်။"အမိန့် .."
"အား!"
အနောက်ကနေ ရုတ်တရက် လည်ပင်းကို
လက်အေးကြီးနဲ့ လာထိတာကြောင့် အမိန့်
ခုံတန်းပေါ်က ခုံချကာ အော်လိုက်သည်။
YOU ARE READING
RomanceUnicode ကျွန်တော်က အနောက်က လိုက်ရတာထက် ဘေးချင်းယှဉ်ရပ်နိုင်တာကိုပဲ လိုချင်တာ အမိန့်ရာ ကိုယ်တစ်ယောက်လုံး မင်းဘေးရပ်နေတာ နဲ့တင် မလုံလောက်ဘူးလားbaby မင်းမာန်ခစား Zawgyi ကြၽန္ေတာ္က အေနာက္က လုိက...