Zawgyi Version
ရိပေါ်မျက်နှာသစ်ပြီး ပြန်ထွက်လာချိန်
ရှောင်းကျန့်က ညကဟိုတယ်မှာ လျှော်ခိုင်းပြီး
အခြောက်ခံထားတဲ့ စားပွဲပေါ်ရှိ အဝတ်တွေကို
မေးဆတ်ပြလေတယ်။"ကိုယ် ရေချိုးလိုက်ဦးမယ်...ခဏစောင့်...
မနက်စာ အတူစားကြတာပေါ့..."ဘိုးတော်ရှေ့တော့ ကိုယ်တုံးလုံးနဲ့ အင်္ကျီမလဲချင်
တာကြောင့် အလိုက်တသိ ရှောင်ထွက်ပေးချိန်
ရိပေါ်မှာ အလျင်အမြန် အဝတ်အစားတွေကို
ကောက်စွပ်ရသည်။ရေသံရပ်သွားတာကြောင့် မသိမသာလေး
မျက်စိစွေလို့ ရေချိုးခန်းတံခါးဝကို မျှော်ကြည့်
မိသည်။Oh my god!!!
ရိပေါ်မှာ တံထွေးမျိုချမိတာ ဂလုခနဲတောင်
မြည်သွားရှာသည်။ မြူဆွယ်ပါတယ်။ ဘိုးတော်က
အသားကုန်ကို မကြည့်ကြည့်ချင်အောင် မြူဆွယ်
ပါတယ်။အဆီပိုမရှိတဲ့ ဗိုက်သားချပ်ချပ်မှာ ချောကလက်
လေးတုံးလောက်ရှိမဲ့ ကြွက်သားရေးရေးနဲ့
တန်ဆာဆင်ထားလေသည်။ ရင်အုပ်ကျစ်ကျစ်က
တစ်ဆင့်စီးကျနေတဲ့ ရေစီးကြောင်းလေးတွေက
ခါးပေါ်မှာ လျော့တိလျော့ရဲပတ်ထားတဲ့
သဘက်ဖြူဖြူအောက် စိမ့်ဝင်သွားတာမြင်ချိန်
ရိပေါ် နောက်တစ်ကြိမ် တံထွေးမျိုချမိသွားသည်။ချက်အောက်နားက အဲ့မီးခိုးရောင်ဖျော့
အမွှေးခပ်ပါးပါးတစ်စုက ရိပေါ်နှလုံးထဲ ကလိကလိ
မဖြစ်ဖြစ်အောင်ကို မွှေနောက်နေတာများ အခုပဲ
ထသွားပြီး ကိုင်ကြည့်ချင်လာတဲ့ထိကိုပဲ။ ဒါနဲ့
အဲ့ချက်မွှေးလေးတွေရဲ့ အဆုံးသတ်ကို ရိပေါ်
စူးစမ်းချင်မိသားလို့ပြောရင် အရမ်းများဘူးရာ
ရောက်သွားမလားမသိ။ဪ ယောက်ျားပဲ။ နှာဘူးနဲ့ ဂန်ဒူးပဲရှိသတဲ့။
ရိပေါ်ကတော့ ဂန်ဒူးအဖြစ်မခံနိုင်ပေါင်။ နှာဘူးကိုပဲ
စပါယ်ရှယ်ဇွန်းတပ်နဲ့ကို အဖြစ်ခံလိုက်မယ်။"ဘာကိုကြည့်နေတာလဲ..."
"ချက်မွှေး..."
"ဟင်...ဘာပြောလိုက်တာ..."
"အာ! ဟိုဟာ ဟိုဟာ ခြေသလုံးမွှေး...ခင်ဗျားနှယ့်
ပေတေလိုက်တာ ခြေသလုံးမွှေးဗရပျစ်နဲ့
ရိတ်တာလေးဘာလေး မလုပ်ဘူးလား..."
YOU ARE READING
My baobei always thought that I didn't love him
FanfictionJust an annoying day with an annoying person.But, wonderful moments have begun from every little seconds I spent with that annoying person.The name of that annoying person starts with X and his favourite hobby is to tie me down in bed wether I agree...