Episode-(12)

3.6K 343 36
                                    

Zawgyi Version

ရိပေါ် ဘယ်လောက် အပ်ကြောက်တတ်တယ်ဆိုတာ
ရှောင်းကျန့်ကလွဲ ဘယ်သူသိနိုင်ပါ့မလဲ။ တစ်ခါ
နေမကောင်းတုန်းက သူအိပ်နေတုန်းလေး ဆရာဝန်
ခေါ်ပြီးဆေးထိုးခိုင်းတာမှာ တိုက်ခန်းတစ်ခုလုံးကို
ခွဲပလိုက်တော့မယ့်အတိုင်း အာခေါင်ကို
ခြစ်အော်တာလေ။ အဲ့တုန်းကလဲ အတော်လေး
ဂယက်ပါပဲ။

"အားးးးးးး!!! ကိုကို!!! သွားနော် မလာနဲ့...
ကျွန်တော့်နား ကပ်မလာနဲ့..."

"ပေါင်ပေ့ရယ် လိမ္မာပါတယ်...လာ ဆင်းခဲ့စမ်းပါ
အဲ့ဗီဒိုပေါ်ကနေ...ကျစ် ဒုက္ခပါပဲကွာ...ဘယ်လို
ဘယ်လို အဲ့ပေါ်တက်သွားတာလဲ...ခုနကလေးတင်
မတ်မတ်ထိုင်ဖို့တောင် အားမရှိလို့ အိမ်သာထဲ
ချီပို့ထားရတာလေ...ခုကျ ဘယ်လိုဖြစ်ပြီး..."

သူတို့နှစ်ယောက်အိပ်ခန်းထဲ ရှစ်ပေနီးပါးမြင့်တဲ့
ကျွန်းဗီဒိုကြီးရဲ့ ဟိုးအပေါ်ခေါင်မိုးဆင့်ဆီ
တွယ်တက်သွားပြီး ရှောင်းကျန့်ကို မရဲတရဲလေး
ငုံ့ငုံ့ကြည့်လို့ ကုန်းအော်နေတဲ့ကောင်လေးက
ကိုယ်ပူရှိန်အခံလေးကြောင့် မျက်နှာနုနုလေးမှာ
ပါးအို့လေး နှာဖျားလေးတွေ နီဆွေးရဲတွတ်လို့
နေသည်။

"တိတ်!!! တိတ်!!! မကြားချင်ဘူး...ဘိုးတော်
အသံမကြားချင်ဘူး...သွား ထွက်သွား...အရှေ့က
ခင်ဗျားကြီးခေါ်ထားတဲ့ ဆရာဝန်နဲ့နာ့စ်ကိုသာ
အရင်သွားမောင်းထုတ်ပေး...ပြီးမှ ဆင်းလာခဲ့
မယ်..."

"ဘယ်လိုဖြစ်နေလဲ ပေါင်ပေ့ရာ...ပြောရဆိုရ
ခက်လှချည်လားကွာ...မင်းကို သူတို့ဘာမှမလုပ်
ဘူး...ဒီတိုင်း သွေးပေါင်ချိန်လေးတိုင်း လိုအပ်တဲ့
ဆေးလေးဘာလေးသွင်းပေးရုံပဲ...."

"အဲ့ဆေးသွင်းတာက ဘာနဲ့သွင်းမှာတဲ့လဲ...
ချီးလိုမျိုး အပ်ကြီးနဲ့သွင်းမှာလေ!!! ကျွန်တော်
အပ်ကြောက်တယ်ဆိုတာ ဘိုးတော်လဲသိသားနဲ့...
သွား သွား မဆင်းလာဘူး...သူတို့ကိုသာ
အရင်မောင်းထုတ်ပေးစမ်းပါဗျာ..."

"ပေါင်ပေ့ ကိုယ်စိတ်တိုလာပြီနော်..."

တင်းလွန်းပျော့လွန်းခြင်းမရှိတဲ့ တစ်ပြေးတည်း
လေသံနဲ့ ရှောင်းကျန့်သွေးအေးပြပြီဆို ဝမ်ရိပေါ်တို့
နေစရာနေရာတောင်မရှိသည်အထိ သေအောင်ကို
ကြောက်ရပါတယ်။ အဆုံးမှာတော့ ဘိုးတော်ကို
သူအပြီးအပိုင် မလွန်ဆန်ရဲသေးပါဘူး။ မဟုတ်လို့
ထားသွားရင် သူ့မှာဘယ်ပြေးတိုင်ရမလဲ။
ဟင့်အင်း ကိုကိုကတော့ ရိပေါ်ကို စိတ်ပျက်ပြီး
ထားသွားလို့မဖြစ်ဘူး။ ဒီတော့ ရိပေါ်လိမ္မာမှပဲ
အဆင်ပြေမှာ။

My baobei always thought that I didn't love him Dove le storie prendono vita. Scoprilo ora