🤍26🤍

1.3K 103 6
                                    

🐯Unicode🐯

မြည်နေကျနာရီနှိုးစက်သံလေးကြောင့် Win မျက်လုံးတွေ ပွင့်လာသည်။နိုးလာတာနဲ့ နှိုးစက်လေးပိတ်ပြီး မျက်နှာသစ်သွားတိုက်လုပ်ရသည်။

မှန်ထဲက ဆံပင်ထိုးထိုးထောင်ထောင်နဲ့ အိပ်မှုံစဝါးဖြစ်နေတဲ့ရုပ်ကို သေချာကြည့်ပြီး သွားကိုတစ်ချက်ချင်းတိုက်နေသည်။

သွားကို ဒီနေ့မှစိန်ပြေနပြေတိုက်နေတာ တခြားမဟုတ်။ပြေးရင်ကောင်းမလား မပြေးရင်ကောင်းမလား စဥ်းစားနေတာ..ခြံထဲမှာပဲ တစ်ရက်တလေပြေးရကောင်းနိုးနိုးနဲ့ ယောင်ဝါးဝါးလုပ်နေခြင်း။

စိတ်ကတော့ ညကဖုန်းလဲဆက်ပြီးမချော့တဲ့ ဖိဘိုက်ကြောင့် ကြည်လင်မနေ။

တကယ်ပြတ်သွားပြီလား???

ပြတ်သွားလဲ အေးတာပဲ!

တကယ်ပြတ်သွားတာလား????

သူမှားတာပဲ! ပြတ်ပလေ့စေ!

တကယ်လမ်းခွဲလိုက်တာများလား????????

ရွာလည်နေတဲ့ မေးခွန်းနဲ့ အထပ်ထပ်အခါခါ တစ်ကိုယ်တည်းအမေးအဖြေလုပ်ပြီး စိတ္တဇဖြစ်နေတာ ရန်ဖြစ်ပြီးတည်းက..

ဖျားနာချိန် ခရီးသွားချိန်မှလွဲလို့ မနက်တိုင်းအတူပြေးတာ မပျက်ကွက်ကြေးလို့ ကတိပေးဖူးတာအမှတ်ရသေးသည်။

ကိုယ်အရင်စဖောက်ဖို့ ကြံစည်နေပေမယ့် တကယ်က Phi စိတ်ဆိုးပြီးမလာမှာ​ကြောက်နေတဲ့စိတ်ကို ဖုံးကွယ်ချင်နေတာ...
ကိုယ့်ကိုယ်ကိုယ် လိမ်လို့မရမှန်းသိလဲ ပေတေပြီးတော့ ကိုယ့်စိတ်နဲ့ကိုယ် ငြင်းခုံနေဦးမှာပဲ။
တစ်စုံတစ်ယောက်ကို မရှိမဖြစ်လိုအပ်ပါတယ်လို့ ဝန်ခံရမှာ အကြောက်ဆုံးထင်ပါရဲ့..ကိုယ့်ကိုယ်ကိုယ်လဲ နားမလည်တော့ပါဘူး။

ဒုတိယထပ်ကခန်းစီးလိုက်ကာလေးကို အသာလှပ်ပြီး ခြံပြင်ကို မရဲတရဲလေးခိုးကြည့်လိုက်သည်။သူများရောက်နေမလား....ဆိုတာထက် ရောက်နေပါစေလို့ ဆုတောင်းရင်း ရင်လဲတစ်ထိတ်ထိတ် လက်ဖျားခြေဖျားတွေလဲ အေးစိမ့်စိမ့်။

ရပ်နေကျနေရာမှာရပ်ထားတဲ့ ကားအနက်ရောင်လေးကို တစ်စွန်းတစ်စလှမ်းမြင်လိုက်ရတော့ Win ကဆုန်ပေါက်သွားသည်။တစ်ရိပ်ရိပ်တက်လာတဲ့ အပျော်တွေကို အတင်းဘရိတ်အုပ်ထားရသည်။ကိုယ့်ကိုလာချော့တာလဲ ဟုတ်ချင်မှဟုတ်မှာလေ..oh..ဖိဘိုက်က အလျှော့ပေးလောက်မှာပါ။

သတိ! ငရှုပ်လေးကိုမချစ်ရ! ( သတိ! ငရႈပ္ေလးကိုမခ်စ္ရ! )Completed Donde viven las historias. Descúbrelo ahora