အခန်း ၁

18.5K 841 8
                                    

အခန်း ၁

နုငယ်၏ ဆရာမ

နွေရာသီ၏  ပူးပြင်းခြောက်သွေ့လှသော နေရောင်ခြည်ကို ခြံဝင်းအတွင်းရှိ ပင်စည်တုတ်ခိုင်ကြီးမားသော မန်ကျည်းပင်ကြီး၏ အရွက်နှင့်အကိုင်းအခက်တို့က ကာမိုးပေးထားသဖြင့် အရိပ်ကောင်းသည်ဟု ဆိုနိုင်ပေသည်။ ထိုမန်ကျည်းပင်ကြီး၏ အောက်ခြေတွင် ပင်စည်ကို ဝိုက်၍  ဆောက်လုပ်ထားသော ကွပ်ပျစ်အဝိုင်းလေး တစ်ခုရှိ၏။

ထိုကွပ်ပျစ်ပေါ်တွင် ကောင်မလေးတစ်ယောက်သည် စာအုပ်ပုံကို ခေါင်းအုံးလုပ်ကာ ခွေခွေလေး အိပ်ပျော်လျက်ရှိသည်။ သစ်ပင်၏ အရိပ်အာဝါသ၌ လွတ်လပ်စွာ နားခိုနေသည့် ငှက်ပေါက်လေး၏ သဏ္ဌာန်ဖြင့် အေးဆေးလှပြီး  သူမထံသို့ ဖြတ်သန်းတိုက်ခတ်လာသည့် လေပူများကိုပင် ဂရုထားပုံမရ။

အပူအပင်ကင်းပြီး ငြိမ်းချမ်းစွာ အိပ်ပျော်နေသည့် သူ့ပုံစံက မကြာခင်စာမေးပွဲဖြေရမည့် ဆယ်တန်းကျောင်းသူတစ်‌ယောက်ဟု လုံးဝ ထင်မှတ်စရာမရှိ‌ချေ။

"ဟယ် ထစမ်း.. ထစမ်းပါ နုငယ်ရယ် စာမေးပွဲက ရက်ပိုင်းပဲလိုတော့တာနော် ဇွဲရှိရှိကြိုးစားစမ်းပါ့လား ကလေးရယ်"

ဆရာမ၏ အသံချိုချိုကြောင့် နုငယ်အိပ်ပျော်နေရာမှ လန့်နိုးလာရသည်။ စာတစ်ပုဒ်ကျက်ရင်း အိပ်ပျော်သွားလိုက်တာ ဘယ်နှစ်နာရီလောက်ရှိပြီလဲကို မသိတော့။ ဆရာမကတော့ နုငယ်အား စာမေးပွဲအောင်စေချင်လွန်းလှသည်ဖြစ်၍ နေ့မအား ညမအား စာပြပေးနေပါလျက် နုငယ်ကတော့ဖြင့် စာကျက်ရင်း စာအုပ်မှောက်ကာ အိပ်ပျော်သွားတတ်သည့် အကြိမ်ပေါင်းမနဲ။

  "ဟုတ်ကဲ့ပါ ဆရာမရဲ့"

ပြောပြောဆိုဆို ဆရာမရဲ့ပုံခုံးထက်၌ နုငယ်မေး‌ လေးတင်ကာ တမှေးထက်မှေးလိုက်သေး၏။

"ဒီကလေးမလေးနော် ပြောရခက်လိုက်တာ"

"ဟီးဟီး ဆရာမကလည်း.."

နုငယ် လျှာလေးထုတ်လျက် အပြုံးလေးနဲ့သာ တုံ့ပြန်လိုက်ပါသည်။ ဤကား နုငယ်၏နေ့စဉ်ဘဝ။

နုငယ်ရဲ့ တစ်နေ့တာသည် ဆယ်တန်း‌ ကျောင်းသူပီပီ စာလုပ်ရင်းသာ ကုန်ဆုံးရသည်။ ပို၍တိတိကျကျ  ပြောရလျှင် နုငယ်၏ တယောက်ထဲသော ဆရာမ‌ဖြစ်သူ မခင်နန်းနှင့် အတူကုန်ဆုံးရသည်သာ များပါသည်။

နုငယ်ရဲ့ဆရာမ သို့မဟုတ် ဆရာမရဲ့နုငယ်(Completed)Where stories live. Discover now