Ep 12(ကိုကိုကြီး)

1.2K 153 6
                                    

Unicode

"ဟဲလို"

မှုန်ဝါးနေတဲ့အသိတို့နဲ့အတူ အမိန့်မျက်
လုံးတို့ကို ပြန်မှိတ်ကာဖုန်းကို ဖြေလိုက်သည်။

"bae အခုထိမနှိုးသေးဘူးလား"

"အင်း"

"ကိုယ်ရောက်နေတယ်bae"

"ခင်ဗျား ပြန်ရောက်ပြီလားကျွန်တော်
နေ့လည်လာခဲ့မယ်၊ ခုအိပ်ချင်သေးတယ်"

"bae ကိုယ်အခုမင်းတို့ကျောင်းအရှေ့မှာ"

"ဘာ"

အမိန့် အိပ်ချင်နေတဲ့ မျက်လုံးတွေကို
အတင်းပြူးကာ အိပ်ရာပေါ်မှာ ထလာသည်။
မျက်နှာအရင်သစ်ရမလား၊အင်္ကျီအရင်
ရွှေးရမလား၊ ဘယ်ဟာအရင်လုပ်ရမယ်
မသိတာမို့ အမိန့်ဘယ်ပြေးရမလဲ မသိဘဲ
ဟိုဖက်ဒီဖက်ပြေးနေမိသည်။

ဆူညံနေတဲ့ အသံတွေကြောင့် ခွန်းတစ်ချက်
ထကြည့်ကာ ပြန်အိပ်နေလိုက်သည်။

"အေးဆေးလုပ်bae ကိုယ်စောင့်နေမယ်"

တစ်ဖက်ကထွက်လာတဲ့ တ၀ုန်းဝုန်းအသံ
တွေကြောင့် မင်းမာန်ပြောကာ ဖုန်းချ
လိုက်သည်။ အလုပ်တွေပြီးတာနဲ့
ထွက်လာရတာမို့ အနည်းငယ်ပင်ပန်းနေတဲ့
ကိုယ်ကိုအနားပေးလိုက်သည်။

နောက်ဆုံး ၀ုန်းဒိုင်းကြဲ အပြီးမှာတော့

"ခွန်း ဟိုလူကြီးလာလို့ငါအပြင်သွားမယ်
မင်းအဆင်ပြေတယ်နော်"

"အင်း"

အပြင်ကိုထွက်ရင်း
အမိန့်လှမ်းပြောလိုက်သည်။
ခွန်း မသင်္ကာတာကြောင့် အခန်းကိုထကြည့်တော့ တစ်ခန်းလုံးက ပစ္စည်းတွေက နေရာမကျစွာ ရှုပ်ပွနေသည်။ အခန်းကပွနေပေမဲ့ အိပ်ချင်နေသေးတာကြောင့် ပေကပ်ကာ ပြန်အိပ်နေလိုက်သည်။

"ဦးမင်းမာန်"

"မြန်သားပဲ"

အမိန့် ကားနားရောက်တော့ ကားမှန်ချထားတာကြောင့် ဟိုလူကြီး
ကားကူရှင်ကို မှီကာအိပ်ပျော်နေသည်ကို
အရင်ဆုံး တွေ့လိုက်ရသည်။
ကားတံခါးကို ဖွင့်ကာဝင်ထိုင်ရင်ဘေးကလူကို ကြည့်လိုက်သည်။
အနည်းငယ်နွမ်းနေတဲ့ မျက်နှာက
ခရီးပန်းနေမှန်း သိသာသည်။
ှုအနီးကပ်ကြည့်မှ အိပ်ပျော်နေတာ မဟုတ်ဘဲ
မှိန်းနေတာကြောင့်

ငါ့သတို့သားလောင်းကAlphaတဲ့     ငါ့သတို့သားလောင်းကAlphaတဲ့Donde viven las historias. Descúbrelo ahora