2 ( U )

1.3K 103 19
                                    

AA hotel ၏ မနက်ခင်းကတော့ အမြဲတမ်း မြူးကြွသွက်လက်နေ၏။ တာ၀န်ကိုယ်စီနှင့် သွားလာနေသော ၀န်ထမ်းများမှာ ခြေချင်းလိမ်မတတ်ပင်။ ဒီနေ့ မိုးလင်းစကတည်းက အလုပ်များနေကြပုံရ၏။

ဧည့်ကြိုကောင်တာနား တန်းလျှောက်သွားလိုက်တော့ သူငယ်ချင်းဖြစ်သူ မိုးညိုက ဖုန်းဆက်နေရင်းမှ မျက်လုံးနှင့် မျက်စနှင့် ဆစ်ခေါင်ကို ရပ်စောင့်ရန်ပြောသည်။ ကောင်တာနောက်ဘက်ရှိ ထိုင်ခုံတွင် ၀င်ထိုင်ရင်း ဟိုဟိုဒီဒီ အကြည့်ပို့မိတော့ ခန်းမအလယ်မှ အထိမခံသော မီးဆိုင်းကြီးအား ထူးထူးခြားခြား သန့်ရှင်းရေးလုပ်နေကြသည်ကို တွေ့ရ၏။

"‌ဘန်း! ငခေါင် မင်းကို မန်နေဂျာရှာနေတယ်"

ဖုန်းချ၍ စာရင်းမှတ်ပြီးသည်နှင့် ကောင်တာကို လက်ဝါးဖြင့် ရိုက်ချလိုက်သောကြောင့် လျှောက်ကြည့်နေသော သူ့မျက်လုံးများက ကောင်တာပေါ် ပြန်ရောက်လာသည်။

"ငါ့ကို!"

"အင်း မနက်ကတည်းက တစ်မေးထဲ မေးနေတာ။ ငါမင်းမရောက်သေးဘူး ပြောထားလို့"

"ဒါဆို သွားလိုက်ဦးမယ်။ ဘာအရေးကြီးကိစ္စရှိလို့ပါလိမ့်"

"ဟေ့ကောင် နေဦး"

သွားကာနီးမှ လက်ကိုဆွဲထားသဖြင့် လှည့်ကြည့်မိတော့ မိုးညို၏ မျက်နှာထားက ပြောင်ချော်ချော်။

"မင်းတို့နှစ်ယောက် မဟုတ်မှ..."

"ဘာတွေ လျှောက်ပြောနေတာလဲ! ကြားသွားရင် အားနာစရာကြီး။ မင်းရဲ့ ပေါက်ကရပါးစပ်ကို ပိတ်ထားစမ်းပါ"

"ဟေ့ကောင်...ရရင် တစ်ဝိုင်းနော်"

ဒါတောင် နောက်ကနေ အော်ဖြစ်အောင် လှမ်းအော်လိုက်သေးသည်။ လူရှေ့မဟုတ်လျှင် နားရင်းကို တီးပြီးဖြစ်၏။

အပေါ်ထပ် သူတက်လာတော့ ပစ္စည်းအသစ်များအား သယ်၍ လှေကားတစ်လျှောက် လူးလာခေါက်တုံ့သွားနေကြသူများကို မြင်ရပြန်သည်။ လိုက်ကြည့်ရင်းမှ တဖြည်းဖြည်း မန်နေဂျာအခန်းရှေ့ ရောက်လာသဖြင့် တံခါးခေါက်လိုက်၏။

"ကို‌ခေါင်လား"

"ဟုတ်တယ် မနို"

"၀င်ခဲ့ပါ"

Your Popularity is My Calamity { Completed }Onde histórias criam vida. Descubra agora