Love is Strange

632 69 4
                                    

November 18 , 1994
တီ!!!! တီ!!!! တီ!!!! ,,,"
" ဟင်... အာ..7 နာရီ .... နောက်ကျတော့မှာဘဲကွာ ..."

Minghao တစ်ယောက် အိပ်ယာမှ ကမန်းကတမ်းထကာ ကိုယ်လက်သန့်စင်ပြီးအမြန်ပြင်ဆင်ရတော့သည် ရထားက 7:45 မို့ အချိန်တော်တော်လေးကပ်နေပြီ ...

" ဟူး....ပစ္စည်းတွေကြိုထည့်ထားလို့တော်သေး ...ကဲ ...let's go ~ ~ "

Minghao ရဲ့ ရွာလေးကတရုတ်နိုင်ငံရဲ့အစွန်အဖျားမှာတည်ရှိသည် သူငယ်စဥ်ကတည်းကကြီးပြင်းလာတဲ့ ရွာလေးကိုပြန်ဖို့အတွက် Minghaoအမြဲကြိုးစားနေခဲ့ရာ အခုတော့အခွင့်အရေးရပြီ ဝေးလံခေါင်ဖျားသည့် ရွာကလေးကနေ တက္ကသိုလ်တက်နိုင်သည့် ပထမဆုံးလူမို့လို့ တစ်ရွာလုံးကလည်း
Xu Minghao ဆိုရင်သဲသဲလှုပ် ....
ရွာလေးနဲ့မြို့ပေါ်ကတကယ်ကိုဝေးသည်မို့ ရထားပေါ်မှာတင် တစ်ညကြာသည် သို့သော်မရောက်တာကြာသည့်ရွာလေးမို့လို့
Minghao ရင်တွေခုန်ပြီး အပျော်လွန်နေတာကြောင့် အိပ်မရ .....

November 19 , မနက် 8:30

နောက်ဆုံးတော့ Minghao ရဲ့ မွေးရပ်မြေ ရွာလေးကို ရောက်ပါပြီ ။ November လဖြစ်တာကြောင့် အအေးဓာတ်ကသာမာန်တော့မဟုတ် တောင်ပေါ်ရွာလေးဖြစ်သည်မို့ ပိုဆိုးသည်လား .....
လူဦးရေမထူထပ်သည့်အပြင်သဘာ၀နဲ့ နီးကပ်သည့်တောင်ပေါ်ရွာလေးမို့ မြို့ပေါ်မှာအေးသည်ထက်အဆပေါင်းများစွာပို၍အေးနေသည်

" ဘုတ် .. "
" အာ...တောင်းပန်ပါတယ်ဗျ ကျွန်တော်မမြင်လို့ပါ ..."

မြူတွေထူပိန်းအောင်ကျနေသည်မို့ ဘာမှမမြင်ရဘဲ Minghao လူတစ်ယောက်ကို၀င်တိုက်လိုက်မိသည် အဆိုပါလူစိမ်းကတော့ သတိတောင်မထားမိသည့်အလား သူ့ဟာသူဆက်လျှောက်သွားသည် ။
ရွာကိုသွားတဲ့လမ်းတွေကအရင်တိုင်းဘဲဆိုပေမဲ့ မြူတွေကြားထဲသွားရမှာက အန္တရာ
ယ်တော့များသည်။ ခါတိုင်းလို သူ့ကိုလာမကြိုခိုင်းထားတာကြောင့် သတိကြီးကြီးထားပြီး တစ်ယောက်ထဲ ကြိုးစားသွားကြည့်ရမှာပင် ၊
မြူတွေနဲ့ ဖုံးနေသည့်တောင်ပေါ်လမ်းကျဥ်းကျဥ်းလေးတွေက ခြေလှမ်းတစ်ချက်တောင်မှားလို့မဖြစ် ...တဖြည်းဖြည်းလျှောက်လာရင်း ရွာလေးနဲ့ နီးကပ်လာသလိုခံစားမိတာကြောင့် Minghao ပြုံးလိုက်မိသည်။

You've reached the end of published parts.

⏰ Last updated: Dec 26, 2021 ⏰

Add this story to your Library to get notified about new parts!

He Bewitched Me !Where stories live. Discover now