[Unicode]
'သူ့နာမည်က မင်းကမ္ဘာ၊ အသက်က၂၈၊
သူ့အဖေဦးမိုးတိမ်ရဲ့ စီးပွါးရေးကလည်း သူ့လက်ထဲရောက်မှ အများကြီးတိုးတက်လာတာ၊ စီးပွါးရေးလောကက သူ့ကိုပေးထားတဲ့နာမည်က Control တဲ့။သူကိုင်မယ်လို့ ဆုံးဖြတ်လိုက်တဲ့ projectတိုင်းက
သူထိန်းချူပ်ထားသလိုမျိူး သူ့လက်အောက်ကလွတ်
တယ်ဆိုတာမရှိဘူး၊အကြံအစည် ကြီးတယ်လို့ပြောကြတယ်။ တစ်ခုခုလုပ်မယ်ဆိုရင်လည်း သေချာအစီအစဉ်ဆွဲပြီးမှလုပ်တတ်တာတဲ့Relationship အပိုင်းကတော့
အခုထိ လူလွတ်ပဲ၊အရှုပ်အရှင်းကင်းတယ်'စားပွဲရှေ့ပေါ်မှာ တင်ထားတဲ့ ဓာတ်ပုံကိုယူကြည့်ရင်း
တေဇ ပြောတာကိုနားထောင်နေလိုက်တယ်...အင်း....
ရုပ်ရည်ကို အမှတ်ပေးရရင် အမှတ်ပြည့်လို့ဆိုနိုင်တယ်။
တည်ကြည်တဲ့ရုပ်ရည်၊၆ပေလောက်ရှိတဲ့အရပ်..တပ်ထားတဲ့ရွှေရောင်မျက်မှန်က ပိုပြီးဆွဲဆောင်မှုရှိနေတယ်။' ဘယ်လိုလဲ အလောင်းကစားလုပ်အုန်းမလား အရင်တိုင်း
၃လအတွင်းပဲ''လုပ်မှာပေါ့ လောင်းကြေးကရော'
'ငါတစ်လစာမုန့်ဖိုး အကုန်လောင်းမယ်'
'နည်းတယ် သုံးလစာ'
'အဆင်ပြေတယ်လေ'
ကပ်စေးနည်းလှသော တေဇက တစ်ချက်တောင်
မစဉ်းစားပဲ ချက်ချင်းလောင်းကြေး ထပ်လိုက်တော့
စေခိုင်းရာ မျက်လုံးပင့်မိတယ်။သူရွေးထားတဲ့လူပေါ်
ယုံကြည်မှုရှိပုံပဲMathမေဂျာ နောက်ဆုံးနှစ်ဖြစ်တဲ့ သူနဲ့တေဇက
ဒီလိုအလောင်းကစားလုပ်နေကြပင်။လောင်းတိုင်း
စေရာခိုင်း ရှုံးသည်မရှိ...ရှုံးပါများလာတော့ တေဇ
တစ်ယောက် မကျေနပ်၊အခုပင် အပြင်ကတစ်ယောက်ကို
ရအောင်ရှာလာသေးတယ်'ဒီတစ်ခါတော့ ငါနိုင်မှာသေချာတယ်'
'မင်းကလည်း အဲ့လိုပြောပြီးရှုံးနေတာ မရေတွက်နိုင်တော့ဘူး'
'ဒီတခါတော့ စောင့်ကြည့်လိုက်ပါအုန်း'
ပြုံးပျော်နေတဲ့ တေဇကို ပြန်မချေပချင်တော့...
ဓာတ်ပုံထဲက မင်းကမ္ဘာဆိုသော ဒီဘဲကြီးကိုဘယ်လို
လိုက်ရမလဲပဲ တွေးနေလိုက်တယ်
###################
ကစားပွဲစပြီး ၁ပတ်မြောက်နေ့