part 15

1.1K 53 0
                                    

Unicode

အကိုက ပန်းထဲမှာဆိုရင် နှင်းဆီဖြူကြိုက်တတ်ကြောင်း ရာစုပြောပြလို့သိထားသည်

စျေးငယ်လေးဖြစ်သဖြင့် လိုချင်သည့်နှင်းဆီဖြူကို မနည်းရှာဝယ်နေရသည်

ပန်းရပီးတဲ့နောက်မှာတော့ မိမိအတွက်အသီးအချို့ပါဝယ်ကာ အဆောင်သို့ သံသာ ပြန်လာခဲ့သည်

မနက်စောစောထသွားခဲ့တာမို့ သံသာအဆောင်ပြန်ရောက်တော့ 7 နာရီမထိုးသေး

ဝယ်လာသော နှင်းဆီဖြူများအား ကပ်ကြေးဖြင့် အနည်းငယ်တိသည်

ရေသေချာပြန်ဆေးသည်

ရေဆေးပီးတော့မှ အရွက်အချို့ကိုဖယ်ကာ တကူးတကဝယ်ထားသော အကာပိတ်စအမဲရောင်ပတ်ကာ အပေါ်က ဖဲကြိုးစည်းသည်

ပြောရတာသာလွယ်သည် တကယ်တမ်းတော့ သံသာပန်းစည်းဖို့ အချိန်တစ်နာရီခွဲလောက်ကို ယူလိုက်ရသည်

down ထားသော ပန်းစည်းနည်း vedio ကိုကြည့်ရန် ph ကိုရှေ့မှာ ချထားလိုက်သည်

ပီးတော့ လက်က ပန်းကိုကိုင်လိုက် အကာပတ်စကိုကိုင်လိုက် စည်းလိုက် ပြန်ရှောထွက်သွားလိုက် စည်းပီးသားဖဲကြိုးက ပြေသွားလိုက် ကြေသွားသော ဖဲကြိုးကို မသုံးချင်တော့လို့ အသစ်ပြန်ဖြတ်လိုက်

သံသာ ပန်းစည်း စည်းရင်း ချွေးတောင်ကျသည်

ပန်းစည်းနေရင်း ဘေးနားက သူငယ်ချင်းများထံမှ အားပေးစကားများလည်း ကြားရသည်

'' ယောက်ျားနဲ့ ပန်းက ဘာဆိုင်လို့လဲ ''

'' ငါ့ကို ပန်းစည်းပေးရင်တော့ ငါကလွင့်ပစ်မှာပဲ ပန်လို့လဲမရ မစားရမသောက်ရ အချိန်တန်ညိုးသွားမှာ ပီးတော့ ထိုးစရာ ဘုရားပန်းအိုးလည်းမရှိ စားပွဲတင်ပန်းအိုးလည်းမရှိ ''

'' သံသာ မင်းသက်သက်အလုပ်ရှုပ်ခံပြီး ငွေကုန်ခံနေတာပဲ ''

သံသာ သူတို့စကားတွေကို ဂရုမစိုက်နိုင်ပါ

သံသာ တွေးမိသလောက်ကတော့ သံသာ ပေးချင်သည်

ထို့ကြောင့်လဲ ပေးမည်

သူသိမ်းထားသည်ဖြစ်ဖြစ် လွင့်ပစ်သည်ဖြစ်ဖြစ် ဂရုမစိုက်ပါ

သော ( completed)Tempat cerita menjadi hidup. Temukan sekarang