အပိုင်း ၁

9 1 1
                                    

အထပ်လွှာ၇လွှာရှိပြီး တစ်ထပ်စီတိုင်းဟာ မြေရေလေထုအပြင် ဘာမှမရှိ စကြာဝဠာတစေလွင်ပြင်ကြီးဖြင့် တစ်ထပ်စီတိုင်းကို ကာစီးထားသည်။

အထပ်တစ်လွှာတိုင်းတွင် အဓိကမြို့တော်တစ်ခုစီတည်ရှိကြပြီး မြို့တော်တွင် အထပ်လွှာသူရဲကောင်းများကို မွေးထုတ်ပေးရာ အထပ်လွှာကျောင်းတော်တစ်ခုစီ တည်ရှိကြသည်။

အထပ်လွှာကျောင်းတော်သည် ၂နှစ်တစ်ကြိမ်ဝင်ခွင့်စာမေးပွဲကို ကျင်းပလေ့ရှိသည်။ကျင်းပချိန်ဟာ ၃ရက်သာရှိပြီး အသက်ကိုလည်း ၁၃နှစ်မှစ၍ အသက်၂၅နှစ်အထိ ကန့်သတ်ထားသည်။

စာမေးပွဲကျင်းပတဲ့ ၃ရက်မှာ တစ်ရက်ကို စစ်ဆေးမှုတစ်မျိုးစီဖြင့် စစ်ဆေးမှု၃မျိုးကို အောင်မြင်စွာကျော်ဖြတ်နိုင်မှသာ အထပ်လွှာကျောင်းတော်ကို တက်ရောက်နိုင်မှာဖြစ်တယ်။

ပထမအဆင့်သည် မှော်ကျောက်တုံး[ဆင့်ကဲပြောင်းလဲထားသောလေးထောင့်ကျောက်တုံး]မှာ ဖြေဆိုသူရဲ့ပင်ကိုယ် မှော်အရောင်ကိုစစ်ဆေးသည်။အရောင်၅မျိုးရှိသည်။

၁။အဖြူရောင် = အဖြူရောင်က မှော်ကင်းမဲ့သောအရောင်ဖြစ်တယ်။ထိုအရောင်ရသောသူသည် သာမာန်လူများသာဖြစ်ပြီ မှော်ကျောင်းတော်တွင် တက်ခွင့်မရှိပေ။

၂။အဝါရောင် = အဝါရောင်က ကုသရေးတစ်နည်းအားဖြင့် အကူအညီ[support]မှော်ဖြစ်သည်။သူကတိုက်ခိုက်သူများကို ကုသပေးနိုင်ပြီး တိုက်ခိုက်နိုင်စွမ်းတော့မရှိကြပေ။လူအများစုသည် အဝါရောင်များဖြစ်တက်သည်။

၃။အပြာရောင် = အပြာရောင်က လေထဲမှာရှိသောလေနှင့် ရေထဲမှာရှိသောရေတို့ကို လက်နက်ဖြင့်အသွင်ပြောင်းကာ အဝေးပစ်တိုက်ခိုက်နိုင်သောမှော်ဖြစ်သည်။သူသည် အဝေးပစ်၍တိုက်ခိုက်နိုင်သောမှော်ဖြစ်သောကြောင့် အနီးကပ် ၃ပေအကွာတွင်ရှိသော ဘယ်အရာကိုမှ တာဆီးနိုင်စွမ်းမရှိ၍ အကာအကွယ်မဲ့တက်သည်။ထိုကြောင့်သူတို့က အုပ်စုဖွဲ၍နေတက်ကြသည်။အပြာရောင်မှာ အဝါရောင်လောက် မများတက်ပေမဲ့ ဒုတိယအများဆုံးဖြစ်သည်။

၄။အနီရောင် = အနီရောင်က အနီးကပ်တိုက်ခိုက်နိုင်သောမှော်ဖြစ်သည်။သူက အပြာရောင်နှင့် ယှဥ်တွဲ၍ တိုက်ခိုက်သောမှော်ဖြစ်သည်။သူတို့ကို လူတွေက စုံတွဲမှော်လို့ ခေါ်တက်ကြပြီး အနီရောင်သည် လူအများစု လိုချင်သောမှော်ဖြစ်သည်။

You've reached the end of published parts.

⏰ Last updated: Sep 22, 2021 ⏰

Add this story to your Library to get notified about new parts!

"O21S"Where stories live. Discover now