1.8K 177 73
                                    

Unicode >>>>

ဇွန်လ ၆ ရက်နေ့ မိုးသည်းထန်စွာ ရွာနေသောအချိန် , အချိန်အားဖြင့် ညပိုင်း ကိုးနာရီ ကျော်လောက်တွင် စွန့်ပစ် အမှိုက်ပုံ ရှိ နောက်ဘေးလမ်းကြားထဲမှ ကြားရသော အသံတစ်ချိူ့

"ခွေးကောင် သစ္စာဖောက် "

မိုးရေစိုရွဲနေသော လူတစ်ဦး အား အပေါ်စီးကနေခြေထောက်ဖြင့် ရိုက်နှက်နေကြတဲ့ လူငါးယောက်ကြောင့် အရိုက်ခံသော ထိုလူမှာ မြေပြင်ပေါ်မှာကွေးလျှက်သား

" ရှိသမျှ ပိုက်ဆံတွေ အကုန် ဘယ်မှာ ဖွက်ထားလဲ ဟမ်!!"

မြေပြင်ပေါ်တွင် လဲနေတဲ့ ထိုလူအား ထို ရိုက်နေသော အဖွဲ့ထဲမှ ခေါင်းဆောင်လို့ ထင်ရတဲ့ လူကနေ ထိုလူရဲ့ ဆံပင်အရင်းက ဆွဲကိုင်ကာ

" ဝေစုကို မျှယူမယ်လို့ မင်းဘဲ ကတိပေးခဲ့တာလေ ဘယ်မှာလဲ ငါတို့ ဝေစု "

မျက်နှာ တစ်ပြင်လုံး သွေးတွေ အလိပ်လိပ် ထွက်နေသော ထိုလူမှာ သူ့၏ ဆံပင် ကို ကိုင်ဆွဲထားတဲ့ လူအား မျက်လုံး လှန်ကြည့်ပြီး ပြုံးလိုက်ကာ

" ငါ့အသက် နဲ့ ရင်းပြီး ရထားတဲ့ ငွေက ငါ့ အတွက်ဘဲ မင်းက ဘာကြောင့် သူများ နှာခေါင်းပေါက်နဲ့ အသက်ရှုခြင်ရတာလဲ "

" ဟ... ဒီဂိုဏ်း အဖွဲ့သားတွေက ဘယ်သူဘဲ
ဘာရရ ကျန်ရတဲ့ သူကို အကုန်ဝေမျှရတာ
မင်း နားမလည်ဘူး "

" မင်း ဝေစု တစ်ဝက်လိုခြင်ရင် ငါ့ခြေထောက်
ကို လျှာနဲ့ လျှက်လိုက်လေ "

" ခွေး** "

ခေါင်းဆောင်ဆိုသည့် လူမှ သူ့အား မြေပြင်
ပေါ်သို့ ပစ်ချလိုက်ပြီး အပေါ်ကနေ ခြေထောက်တွေဖြင့် လှိမ့်ပိတ်ကာကန်လေသည်။

အချက်ရေပေါင်း မနည်း အကန်ခံရပြီးမှ အရှေ့ဖက်က ကြားလိုက်ရတဲ့ ရဲကား အသံကြောင့် ထိုလူ က ရိုက်နှက်နေတာ ရပ်လိုက်ပြီး

" ဆရာ အခြေအနေ မကောင်းဘူး အမြန် လစ်ရအောင်..."

ထိုနောက် ခေါင်းဆောင်ဖြစ်သူမှ ကန်နေတာရပ်လိုက်ပြီး မြေပြင်ပေါ်တွင် ခေါင်းမထောင်နိုင်တဲ့ သူ့အားကြည့်ရင်း

You've reached the end of published parts.

⏰ Last updated: Sep 23, 2021 ⏰

Add this story to your Library to get notified about new parts!

੨ꪊ Where stories live. Discover now