Episode (17)

222 14 0
                                    

Uni#

      
          အိမ်တော်ကြီးထဲ ဝင်လာသည်။ Owan၏အနက်ရောင်ကဒ်လေးကြောင့် အိမ်တော်ကြီး၏ တစ်နေရာတွင်ရှိ နံရံတို့ကို အနောက်သို့ရွေ့သွားကာ တံခါးတစ်ခုပေါ်လာသည်။ လက်ဗွေရာနဲ့ face scan ဖတ်ပီးနောက် ထိုတံခါးမှာ ပွင့်၍ သွားသည်။ မင်းစက်က ခေါ်လာသော လူသုံးယောကိုပါ သူနှင့်အတူတူထိုအထဲသို့ဝင်သွားသည်။ မြေအောက်အခန်းပင်။ ကြီးမားကျယ်ပြန့်ကာ coatအဖြူအရှည်နှင့် Doctorလိုလို ဘာလိုလို လူတစ်ချို့ကို တွေ့ရပြန်သည်။ ဓာတ်ခွဲခန်းလိုလို စမ်းသပ်ခန်းလိုလို အခန်း၏အပြင်အဆင်နှင့် ပုံစံကြောင့် ထိုလူသုံးယောက်မှာ ကြက်သီးထသွားသည်။

       face shield နဲ့ maskတပ်ထားသော coatအဖြူရှည်နဲ့ လူက owanဆီလျှောက်လာသည်။

      ''ရောက်လာပီလား....''

     ''အခြေအနေကရော....'' မေးငေါ့ပီး မေးတော့ ခေါင်းငြိမ့်ကာ ယုံကြည့်ချက်ရှိရှိပြန်ဖြေသည်။

     ''အင်း.....အကုန်ကောင်းတယ်...။စမ်းသပ်ဖို့ပဲ လိုတယ်...''

     ''ဖြေဆေးရော ရှိလား ဒီအတွက်....''

     ''ဖြေဆေးက အခုလောလောဆယ် လေးလုံးပဲ ရှိတယ်....''

     ''ရပါတယ်....'' owanက အေးစက်စက်ဖြေနေတုန်း မင်းစက်က အနားရောက်လာသည်။

      ''ဖေဖေ....?, စမ်းသပ်ပီးရင် ဖြေဆေးလေးတော့ ထိုးပေးနော် သူတို့ကို....''

     ''ဘာလုပ်ဖို့လဲ သူတို့ကို ငါဝယ်ထားတာ သေသေရှင်ရှင် ငါ့လက်ထဲမှာ၊ ဂရုဏာဖစ်ရင် ထိုးပေးမယ်။ မထိုးပေးချင်ရင် မထိုးပေးဘူး။ ငါ့သားလုပ်နေပီး မပျော့ညံ့စမ်းနဲ့''

     ''မဟုတ်ဘူးလေ သူတို့မှာလဲ သူ့တို့ဘဝရှိတေးတာပဲ အကယ်၍ မချိ့မဆန့်ဖစ်သွားရင် ရက်စက်ရာမကျဘူးလား....''

      'Jhon!! မင်းငါ့ကို ဘာမှမပြောနဲ့တော့။ ''  ထိုကောင်လေးသုံးယောက်ထဲမှ လူကောင်တောင့်တောင့်နဲ့ ကောင်လေးကို ကောင်လေးကို လက်ညိုးထိုးလာသည်။

       ''မင်း ခနလိုက်ခဲ့....'' ထိုကောင်လေးလဲ တုန်တုန်လှုပ်လှုပ်ဖြင့် လိုက်သွားရသည်။ ပတ်လက်လှန်ထားသော နိုမ့်ချည်မြင့်ချည်ရှိ ခုံပေါ်တွင် လှဲခိုင်းစေသည်။ ထို့နောက် လက်တွေခြေထောက်တွေကိုပါ တုပ်ထားလိုက်သည်။ ထို့နောက်ညဆေးနှစ်လုံးယူလာသည်။ တစ်လုံးက အနီအပတ်လေးနဲ့ နောက်တစ်လုံးက အဝါရောင်လေးပတ်ထားသည်။ အနီရောင်ဆေးပုလင်းသည် မူးယစ်ဆေးဆိုသည်ထက် လူကို ရူးသွပ်သွားစေသည့် ဆေးဟုလည်း သတ်မှတ်လို့ရသည်။

The love on you💜Where stories live. Discover now