Foreword

14.4K 223 3
                                    

Unicode

ပုံပြင်လေးကတော့ ပင်လယ်လှိုင်းပုတ်သံ၊ ဇင်ယော်သံတွေနဲ့အတူ ဒီလိုစတယ်....

ပင်လယ်ငှက်ငယ်: အသင်ပင်လယ်... အကျွန်ုပ် ဒီပင်လယ်ရေပြင်ပေါ်မှာ ​နေထိုင်ကျက်စားလာတာ သက်တမ်းပင်ကုန်တော့မယ်... ကျွန်ုပ်မဟုတ်တဲ့ အခြားသတ္တဝါတွေလဲ သင့်ကိုမှီခိုနေလျက်နဲ့ကို အသင်က ဘာလို့ ကျွန်ုပ်ကိုပဲ အရိပ်တကြည့်ကြည့်နေလာခဲ့တာလဲ?

ပင်လယ်: .... ငှက်ငယ်ဟာ ကိုယ်နိုးထချိန်မှာ ပထမဆုံးမြင်တွေ့ရသူဖြစ်ပြီး မအိပ်စက်မှီမှာ နောက်ဆုံးတွေ့ရတဲ့သူဖြစ်တာကြောင့်ပါ

ပင်လယ်ငှက်ငယ်: ဒါဆို တစ်နေ့ ကျွန်ုပ် ကောင်းကင်ကြီးဆီပျံသန်းသွားပြီး ပြန်မလာခဲ့ရင် ဘယ်လိုလုပ်မလဲ?

ပင်လယ်: .... ကိုယ်သိတဲ့ ငှက်ငယ်ဟာ.. ကိုယ့်ကို တစ်ယောက်ထဲ ထားခဲ့မှာ မဟုတ်ပါဘူး....

x x x x x x x x x x x

Storyline: ဇာတ်လမ်း​လေးက ​ထွေ​ထွေထူးထူးသိပ်မရှိတာ​ကြောင့် မိတ်ဆက်​ပေးရမှာ အနည်းငယ် လက်တွန့်ပင်မဲ့လို့​ပေါ့....။ ဒီတိုင်း​လေး... ချစ်ရက်နဲ့ နားလည်မှု​တွေ ယုံကြည်မှု​တွေ ပွင့်လင်းမှု​တွေ အားနည်း​နေတဲ့ ချစ်သူ၂​ယောက်အကြားကို တစ်ဖက်သက်အချစ်နဲ့ ​ကောင်​လေးတစ်​ယောက် ဝင်​ရောက်လာတဲ့အခါမှာ ဖြစ်တည်လာတဲ့ ဇာတ်​ကြောင်း​လေးကို ​လက်​တွေ့ကျကျ စိတ်ကူးယဥ်ဆန်ဆန်အချိုးကျ​ပေါင်းစပ်ပြီး ပေါ့​ပေါ့ပါးပါး​လေး သီဖွဲ့ထားတဲ့ ပုံပြင်​လေးတစ်ပုဒ်ပါပဲ...။ အဆုံးထိ ဖတ်ပြီးရင် စာဖတ်သူတို့ရဲ့ ရင်ထဲမှာ တစ်ခုခု​တော့ ကျန်ခဲ့မယ်လို့​တော့ ထင်ပါတယ်။ မဟုတ်ရင်​တောင် ကိုယ်ပို့လိုက်တဲ့ အချစ်​တွေ​​တော့ရမှာပါXD

Note - ဒီဝတ္ထု သုံးပွင့်ဆိုင် ဇာတ်အိမ်ကို ဖတ််မယ်ဆိုရင် အဆိုးဆုံးအ​ခြေအ​နေထိ ကြို​တွေးထားဖို့ ကိုယ်​တောင်းဆိုပါ။ ဒီဝတ္ထုတစ်ခုလုံးဟာ ​မှောင်မိုက်ပါတယ်။ စ၊လယ်၊ဆုံး ​လောင်ရပါတယ်။ ဒါ​ကြောင့် အကြိုက်မဟုတ်ရင် မဖတ်ဖို့ကိုယ် အကြံပြုပါတယ်။

~~~~~~~~~~~~~~

ဝတ္ထုတစ်ခုလုံးသည် စာရေးသူရဲ့ စိတ်ကူးယဉ်သက်သက်​တွေပဲဖြစ်ပါတယ်။ ဇာတ်ဆောင်နာမည်၊ ဇာတ်ကွက်တစ်စိတ်တစ်ပိုင်း၊ နောက်ခံတည်နေရာ စတဲ့အရာတွေက စာရေးသူရဲ့ ကိုယ်ပိုင်ဖန်တီးမှုတွေပါပဲ။ အကယ်၍ တစ်စုံတစ်ရာ၊ သက်ရှိတစ်​ယောက်​ယောက်၊ သက်မဲ့တစ်​ယောက်​ယောက်နဲ့ ဖြစ်စဥ်ချင်း၊ နာမည်ချင်း ဆင်တူမှုရှိခဲ့ပါသော် တိုက်ဆိုင်မှုတစ်ခုသာဖြစ်ကြောင်း စာဖတ်သူတွေကို အသိပေးအပ်ပါတယ်။

ဆန္ဒရှိမယ်ဆိုရင်တောင် | #1 ✔Where stories live. Discover now