part 20

1.3K 64 0
                                    

Unicode

ထက်အာကာ bar ကိုစရောက်ကတည်းက ဒီကောင်လေးကိုပဲ ကြည့်နေမိသည်

တစ်မျက်နှာလုံးက သောက်ထားတဲ့အရှိန်ကြောင့် ရဲနေပီ

လူကလည်း ယိုင်နေသေးသည်

ဒါတောင် မိမိကို လာဆဲနေလိုက်သေးသည်

လူကောင်သေးသေးဖြင့် ဘယ်လိုစွာတေးလန်မှန်းမသိ

security တွေကို တားပီးကတည်းက သူ့ကိုပဲ ဆက်ကြည့်နေမိသည်

သူ့သူငယ်ချင်း နဲ့ ph ပြောသံကြားတော့ ထက်အာကာ အနားတိုးကာ ခိုးနားထောင်မိလိုက်သည်

အခုလည်း ကောင်လေးထသွားရာ toilet ထဲသို့ ထက်အာကာ ရောက်နေပြန်သည်

သံသာလက်ဆေးနေတုန်း အနားကို လူတစ်ယောက်ရောက်လာသည်

သူ့အကြောင်းနဲ့သူလို့ ထင်ခဲ့ပေမယ့် ထိုလူက သံသာ့အနားမှာပဲ ရပ်နေသည်

မှန်ထဲကို မော့ကြည့်လိုက်တော့ ထိုလူက မိမိိကိုပြုံးပြနေသည်

မိမိနဲ့မသိဘဲ ဘာလို့လာပြုံးပြနေတာပါလိမ့်

အလကားငကြောင်ပဲ

သံသာပြန်ထွက်မည်ပြင်တော့ သူက  လှမ်းဆွဲလိုက်သည်

ဘေစင်ကိုလက်နှစ်ဖက်ဖြင့် ထောက်ထားရင်း သံသာက သူ့လက်ကြားထဲမှာ ညှပ်နေသည်

သံသာ ပုံမှန်အခြေအနေတွင်ပင် ရုန်းထွက်ရန်မဖြစ်နိုင်

အခုလို မူးနေပုံနဲ့တော့ ပြောစရာပင်မလို

ဒီလူပြုသမျှ နုရတော့မည့်အခြေအနေ

သူ့မျက်နှာက သံသာ့မျက်နှာနားကပ်လာကာ သံသာကို စိုက်ကြည့်နေသည်

'' မင်း ကားမောင်းသမားလိုတယ်မလား  ''

သူပြောတာလည်း မှန်တာပဲလေဟု သံသာတွေးကာ

'' ဟုတ်တယ် ဘာလဲ ခင်ဗျားက လိုက်ပို့ပေးမလို့လား ''

ဘုဆတ်ဆတ်နဲ့မေးလာကောင်လေးကို သဘောကျကာ ထက်အာကာ အသံထွက်အောင် ရီလိုက်မိသည်

'' ခင်ဗျားက ဘာရီတာလဲ ကျက်သရေကိုမရှိဘူး ''

'' မင်းကို လိုက်ပို့ပေးမယ်ဆိုရင် မင်းရဲ့အကိုနေရာမှာ ငါ့ကိုအစားထိုးပေးမှာလား ''

သော ( completed)Tempat cerita menjadi hidup. Temukan sekarang