Stranger in My House (Kookmin)

7.6K 912 256
                                    

Unicode;

ကျွန်တော်တို့ ရပ်တည်နေတဲ့ ကမ္ဘာပေါ်မှာ လူဦးရေ 7.8 ဘီလီယံ ရှိတယ် ပြီးတော့ ကျွန်တော်ကလည်း အဲ့ထဲက တစ်ယောက်ပဲ မထူးဆန်း ဘူးမလား။ ထူးဆန်းတာက ဘာလဲဆိုတော့ အဲ့ ဘီလီယံလောက်ရှိတဲ့ လူတွေ အကုန်လုံးက သူစိမ်းတွေဖြစ်ပြီး အချိန်တစ်ခုရောက်ရင် အဲ့သူစိမ်းတွေ ထဲက သူစိမ်းတစ်ယောက်ကပဲ ကိုယ့်အကြောင်းကို အသိဆုံး အရင်းနှီးဆုံး အချစ်ရဆုံး ဖြစ်လာတယ်လေ..။

ရေစက်တို့ ဖူးစာတို့ကို ခဏ မေ့ထားဦး လူတစ်ယောက်က အချစ်မှာ ကျရှုံးဖို့ ငါးစက္ကန့်ပဲ လိုသတဲ့.. အဲ့တာကြောင့် သူစိမ်းတစ်ယောက်ကို ငါးစက္ကန့်ထပ် ပိုမကြည့်ရဘူးတဲ့လေ။ အဲ့တာကို ခင်ဗျားတို့ ယုံရခက် နေမလား... ကျွန်တော်လည်း မကြုံဖူးခင်အထိတော့ မယုံခဲ့ဘူးပေါ့...။ ............။

"နှုတ်ဆက်လိုက်ပါ ဒါက ကျွန်တော့် ချစ်သူ Park Jimin တဲ့"

Taehyung စကားကြောင့် ထမင်းစားခန်းထဲရှိ လူတွေအကုန် လှုပ်ရှားမှုတွေ ရပ်တန့်သွားသလို ခံစားလိုက်ရသည်။ Namjoon နဲ့ Seok Jin တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ပြီး မျက်နှာပျက်နေတာကို Jungkook သတိထားလိုက်မိသည်။ ဒီအချိန်မှာ အစိုးရိမ်မိဆုံးက ချစ်ရသူကိုပင်...။ ချစ်ရသူ မျက်နှာလေး လှမ်းကြည့်လိုက်တော့ မျက်ရည်တွေဝိုင်းနေတာကို ဟန်ဆောင် ပြုံးထားသယောင်။ စိတ်မကောင်းဖြစ်မိသလို ဘာမှမကူညီပေးနိုင်လို့ ဒေါသလည်း ထွက်မိသည်။

"စကားခဏ ပြောကြရအောင် Hyung"

Taehyung လက်ကိုဆွဲပြီး Jungkook ထမင်းဝိုင်းမှ အပြင်သို့ ထွက်လာခဲ့သည်။ Taehyung က နားမလည်ဟန်

"ဘာလဲကွ"

"Hyung ရူးနေပြီလား"

"ဘာကိုလဲ"

မသိပဲ ပြန်မေးနေတဲ့ Taehyung ပုံစံက Jungkook ကို ပိုဒေါသထွက်စေသည်။ နံရံကို လက်သီးနဲ့ ပစ်ထိုးလိုက်ရင်း

"အဲ့ဒီ Hyung ချစ်သူဆိုတာကြီးကို ဘာလို့ ခေါ်လာတာလဲ ဒီနေ့ Hyung နဲ့ Ji Eun Noona တို့ မင်္ဂလာကိစ္စ ဆွေးနွေးရမယ့် နေ့လေ.. Ji Eun Noona မျက်နှာပျက်နေတာ မြင်လား ဘာလို့ ဒီလို လုပ်ရက်နိုင် ရတာလဲ Ji Eun Noona ကို မသနားဘူးလား"

Stranger in My House (Oneshot)Where stories live. Discover now