"ဘူချွန်းမှာ ပန်းလေးတစ်ပွင့်ရှိတယ်"
ဆယ်တန်းကလေးတစ်ယောက်ဆီက အမြဲလိုလိုကြားနေရသောစကားကြောင့် မီယောင်းတစ်ယောက် ဘူချွန်းကိုပဲ အပြေးသွားလိုက်ရမလိုဖြစ်နေရပြီ။
"အကြီးတန်းထဲဝင်လာပြီနော် စာလည်းလုပ်ဦး"
"လုပ်ပါတယ် တွေးသင့်တာလေးတွေလည်းတွေးရသေးတာပေါ့"
တဟားဟားနဲ့ အော်ရယ်ပစ်ချင်တာ ပါးစပ်ကိုယားလို့ပါပဲ။ ဒါပေမယ့် မရယ်ရဲဘူး စိတ်ကောက်သွားပြီး လက်တိုလက်တောင်း ခိုင်းမရတော့မှ ပြဿနာတက်မှာ။
"ဘူချွန်းမှာ ဘာတွေ့ခဲ့လို့လဲ ပြောပါဦးဆိုတော့လည်း မပြောဘူး လူကိုသိချင်အောင်တအားလုပ်တာ ဒီကောင်လေးတော့''
ဒီသောက်ကလေးက ကိုယ့်မောင်အရင်းဆိုတာ ဘယ်သူမှမသိရင်ကောင်းမှာပဲလို့ မီယောင်းတော့တွေးမိသည်။ အချိုးကိုမပြေလို့လေ။
"မမ နောက်ကျသိလာလိမ့်မယ် ဟုတ်ပြီလား"
"သိချင်ဘူး သွား!!"
ရယ်ကျဲကျဲနဲ့ ပတ်ချန်းယောလ်ကို မချစ်ပဲလည်းမနေနိုင်ပါ။ ချစ်မွှေးကလည်း ပါလိုက်တာမှ လွန်ရော။ တစ်မျိုးလုံးရဲ့ အချောဆုံးကိုယ်တော်က စကားလည်းတတ်မှတတ်၊ လူကြည့်ပေါင်းတတ်လိုက်တာလည်းမပြောနဲ့တော့။
တစ်ခုပဲ၊ အစ်မကို ညီမတစ်ယောက်လိုဆက်ဆံနေတာလေးတစ်ခုပဲ။
"ပြောပြရဦးမယ် အလုပ်က သူဌေးလင်မယားက စားရိတ်ငြိမ်းခရီးလိုက်ပို့မလို့တဲ့ ဒီအပတ်"
"ဟာ မီညှောင်းတို့ ကံဇာတာတက်နေချက်က မိုက်တယ်!!!''
"ဒီအရိုင်းအစိုင်း!''
အခေါ်အဝေါ်ကစ ကြည့်ပါလား မီညှောင်းတဲ့
"ဘယ်ကိုတဲ့လဲ မီညှောင်း''
မီယောင်း တစ်ချက် မျက်ဖြူလှန်လိုက်ပြီးမှ ပုခုံးလည်းတွန့်လိုက်သေးသည်။ ပြီးမှဆက်ပြောလိုက်သည်။
"ဘူချွန်း"
"ဘာ!!!!''
.
.
.
. Blooming day. 🌷
.
.
