// Song recommendation
Lucky by Jason Mraz //I'm lucky I'm in love with my best friend
Lucky to have been where I have been
Lucky to be coming home again..____________________________________
ယခုနှစ်ဆောင်းရာသီက အရင်နှစ်တွေထက် များစွာပိုချမ်းအေးလှ၏။ အပြင်ဘက်တွင် ခပ်ဖွဲဖွဲကျဆင်းနေသော နှင်းမှုန်များက အအေးဒဏ်လွန်ကဲမှုရဲ့သက်သေပင်ဖြစ်သည်။
အချိန်အားဖြင့် ညကိုးနာရီထိုးလုနီးပါးရှိနေသော်လည်း မြို့ထဲတွင်သွားလာလှုပ်ရှားနေကြသောလူများရှိနေဆဲပင်။ ဖျော်ပြီးခါစ ပူနေဆဲကော်ဖီခွက်ကို စားပွဲခုံပေါ်ချထားပြီးနောက် Haechan အိပ်ခန်းပြတင်းပေါက်ကိုဖွင့်ပြီး အပြင်ဘက်ကို ခေါင်းထွက်ကာ လှမ်းကြည့်လိုက်သည်။ ပြတင်းပေါက်ဖွင့်လိုက်သည်နှင့် အရိုးခိုက်အောင်အေးစိမ့်သည့်လေများက အလုံးအရင်းတိုးဝင်လာသည်။
Haechan ဝတ်ထားတဲ့အပြာရောင်သိုးမွှေးဆွယ်တာ
ခပ်ထူထူဟာလည်း အအေးဒဏ်ကိုလုံလောက်အောင် အန်တုနိုင်စွမ်းမရှိပေ။ ဒါက Jenoနဲ့ တွဲပြီးနောက် သူပထမဆုံးလက်ခံရရှိခဲ့တဲ့ လက်ဆောင်လည်းဖြစ်သည်။
Haechan ကြိုက်တဲ့အနီရောင်မဟုတ်ဘဲ ဘာကြောင့်သူကြိုက်တဲ့ အပြာရောင်ပေးရတာလဲ ဟူသော မေးခွန်းကိုတော့ သူတစ်ခါမှ မမေးဖြစ်ခဲ့။ Jeno နဲ့ပက်သက်သမျှအရာအားလုံးကို သူသဘောကျပါသည်။အပြင်မှာတိုက်ခတ်နေတဲ့ လေအေးများကြောင့် မကြာသေးခင်က အရောင်ပြောင်းထားတဲ့ ပန်းရောင်ဖျော့ဖျော့ဆံနွယ်တွေဟာ ခပ်သာသာလွင့်နေသည်။
ပုံမှန်ကိုရီးယားလူမျိုးတွေကြား ထင်းထွက်နေတဲ့ ခပ်ညိုညိုအသားအရေပိုင်ရှင်ဟာ လရောင်အောက်မှာ ပုံမှန်ထက်ပိုကြည့်ကောင်းနေသည်မှာ ငြင်းမရ။ ပါးပြင်ပေါ်မှာ အစီအရီရှိနေတဲ့ မှဲ့နက်နက်အချို့ကလည်း သူ့ရဲ့မျက်နှာလှလှကို အကျည်းတန်အောင်မလုပ်နိုင်ရုံသာမက ပိုလို့ပင်ဆွဲဆောင်မှုရှိစေသည်။ အလုံးစုံခြုံငုံပြီးပြောရရင်တော့ Donghyuckက လူချောလေးပင်ဖြစ်သည်။သူ့ရဲ့စိတ်အာရုံက လမ်းမကြီးတစ်လျှောက်မှာ သွားလာနေကြတဲ့လူတွေပေါ်မှာပင်။ အချို့က မိသားစုလိုက်၊ အချို့ကတော့ ချစ်ရသူနဲ့နှစ်ယောက်တည်း။
အထက်တန်းကျောင်းသားအရွယ်၊ တက္ကသိုလ်ကျောင်းသားအရွယ်လေးတွေကိုလည်း အုပ်စုလိုက်တွေ့ရသည်။