unicode
သံသာ နွေးနဲ့အကို့အကြောင်းကို သိပီးတည်းက အကို့ကိုချစ်ကြောင်း ဘယ်တော့မှမပြောဖို့ ဆုံးဖြတ်လိုက်သည်
ထို့မှသာ နွေးနဲ့အကို့ကို ဘာမှမဖြစ်ခဲ့သလို ရှေ့ဆက်ပတ်သက်နိုင်မည်
အခုတော့ မထင်မှတ်ဘဲ ပါးစပ်ကပြောထွက်သွားခဲ့ပီ
ပြောပီးသွားမှတော့ ဘာတတ်နိုင်တော့မှာလဲ
'' အဲ့လောက်ထိ မူးအောင်သောက်ချင်တုန်း '' ဆိုပီး သံသာ ကိုယ့်ခေါင်းကို ထုလိုက်သည်
အခုအချိန်ထိ မိမိကို မျက်တောင်မခပ်ကြည့်နေသေးသော လူကြီးအား
'' နွေးကို မပြောပြပါနဲ့ ဒီအကြောင်းကို '' လို့ပြောကာ လှည့်ထွက်လာခဲ့လိုက်သည်
တစ်ချိန်က အကို့ကိုဖွင့်ပြောဖို့ စဥ်းစားခဲ့ဖူးသည်
ယခုလိုပုံမျိုးတော့ မဟုတ်
အခုအဖြစ်ကတော့ အတော်ရှက်စရာကောင်းသည်
ကားတံခါးဖွင့်နေသော သံသာညီကို ပိုင်မင်းသာဟန် လှမ်းဆွဲကာ တားလိုက်သည်
'' မင်းကားမောင်းလို့မရဘူးလေ ''
'' လွှတ်လိုက်စမ်းပါ ခင်ဗျား ကျွန်တော့်နောက်ကို ဆက်မလိုက်နဲ့တော့ ''
'' မင်းသဘောပဲလေ ငါ မင်းနောက်ကို ဆက်မလိုက်တော့ဘူး မင်းကိုပဲ ငါရအောင်ခေါ်သွားမယ် ''
ပြောလဲပြော မိမိပေါင်ကိုဖက်ပီး ပုခုံးပေါ်ထမ်းလိုက်သောလူကြီးကြောင့် သံသာ ဘာဆက်လုပ်ရမယ်မှန်းမသိ
ကျောကိုတဗုန်းဗုန်းထုကာ ချပေးရန်အော်နေသောကောင်လေးကို ဂရုမစိုက်ဘဲ မိမိကားဆီခေါ်သွားကာ ကားပေါ်သေချာတင်ပီး ခါးပတ် ပတ်ပေးလိုက်သည်
ခါးပတ်ပတ်ပေးရန် သံသာ့မျက်နှာ့နား အကိုကပ်လာတော့ ရဲနေတဲ့မျက်နှာက အရက်ရှိန်ကြောင့်ဆိုတာ မသေချာတော့
ကားထွက်သည်နှင့်တစ်ပြိုင်နက် သံသာညီ့ဆီမှ အော်ဟစ်သံများစတင်ထွက်ပေါ်လာသည်
'' အခုက ဘာလုပ်တာလဲ ''
'' ကျွန်တော်ပြန်နိုင်ပါတယ် ဆိုတာကို ''
VOCÊ ESTÁ LENDO
သော ( completed)
Romance(Z+U) '' မြတ်နိုးရပါသော ဆိုတဲ့စာကြောင်းလေးက ဘာကိုဆိုလိုချင်ခဲ့တာလဲ ကျွန်တော်သိချင်မိတယ် ပီးတော့ စာအုပ်ထဲက သောဆိုတဲ့ကောင်လေး အကြောင်းရောပဲ ကျွန်တော်မေ့နေခဲ့တဲ့မှတ်ညဏ်တွေထဲက တစ်စုံတစ်ယောက်ပေါ့ '' (ပိုင်မင်းသာဟန်) '' ကျွန်တော့်ဘဝရဲ့ပထမဆုံးလိုအင်နဲ့တော...