ဆင်ခြေဖုံး ရက်ကွက်တစ်ခု၏ လမ်းထိပ်တွင်
"အမလေး တွေ့လားလူကြည့်တော့သာအဆံမရှိတာ
မာနကမိုးထိုးနေရောပဲ""ဟုတ်ပတော် မိန်းခလေးဖြစ်ပြီးဝတ်ပုံစားပုံကိုလည်းကြည့်အုံး"
ညဘက်တွေဆိုလည်းညသန်းခေါင်လောက်မှ
အိမ်ပြန်လာတယ်တဲ့တော် ပြီးတော့
ယောက်ျားလေးတွေနဲ့လည်းတရုန်းရုန်းပါတော်
ဘယ်ချက်လင်ကောင်မပေါ်ပဲဗိုက်ကြီးမလဲမသိဘူး"<<<သူ့သမီးကြည့်တော့ရည်းစားနဲ့အတူနေပြီးမဖုံးနိုင်မဖိတော့မှအသဲအသန်းတောင်ပန်ပြီးယူခိုင်းပြီးခလေးကျောင်းတက်တဲ့အရွယ်ရောက်ရင်ကွာရှင်းပေးရတော့မှာ>>>
"မွေးထားမိဘကလည်းမဆုံးမဘူးထင်ပါတယ်တော် အံ့ပါရဲ့ ခေတ်ကာလသားသမီးတွေကလည်းလူကြီးသူမစကားကိုနားထောင်ရကောင်းမှန်းကိုမသိကြတော့ဘူး"
"တိုးတိုးပြောမမြခင်ရေ အဲ့ကောင်မလေးကရိုင်းတယ် လူကြီးသူမဆိုတာလည်းနားလည်တာမဟုတ်ဘူး တော်ကြာနေကျုပ်တို့ကိုလာပြီးနှုတ်သီးကောင်းလျှာပါးရန်လာ
တွေ့နေပါအုံးမယ်""ဪမနွဲ့ရယ် ကျုပ်တို့ကအမြင်မတော်လို့ပြောမိတာပါတော် ကျုပ်အိမ်ကသားသမီးသာဆိုရင်တော့လား"
<<<အိမ်ကနေသင်တန်းဆိုပြီးအကြောင်းပြမြန်မာဝတ်စုံဝတ်ပြီးထွက်လာပြီးလမ်းရောက်ရင်ဟိုဖော်ဒီဖော်တွေပြန်လဲဝတ်ပြီးသင်တန်းမရောက်ပဲဘဲတကာနဲ့ပတ်သွားနေတဲ့သမီးငယ်လေးကိုကျတော့မဆုံးမဘူးနော် အန်တီကြီးရယ်
နှမသားချင်းမစာမနာပဲမျက်စိရှေ့ကဖြတ်သွားတဲ့မိန်းခလေးတိုင်းကိုပါစပ်သရမ်းတတ်တဲ့သာကြီးဩရသအကြောင်းကိုတော့မပြောတော့ပါဘူး>>>ဤသည်မှာကား မရိုးနိုင်သောရပ်ကွက်ထဲမှCCTVသတင်းဌာန၏သတင်း(အတင်း)ပါးနေပုံများသာဖြစ်သည်