(၃)

3.5K 284 7
                                    

Unicode ver

Honeyနဲ့Mommy

Episode-3

ဆိုင်တံခါးဆွဲဖွင့်သံကြောင့် ခေါင်းလျှော်ခုံပေါ်
ခန အိပ်နေတဲ့ နိုရာတယောက်နိုးသွားပြီး ချက်ချင်းထထိုင်လိုက်သည်။

"Hmmm...ချန်းကို...ဘယ်လိုလုပ်ရောက်လာတာလဲ
ကျောင်းမသွားဘူးလား "

"ဟိဟိ ဒီနေ့ နေ့လည်ပိုင်းကျောင်းမတက်ဘူး
ကျောင်းပြေးလာတာ "

"ဟမ်...ဘယ်လို ..  ဟဲ့ ကမ "

"စပြီ စပြီ....မမကတော့ ‌
ကျောင်းကထိန်ရှိတာပါ နေ့တပိုင်းပိတ်ပေးတာ
သမီးကိုဆိုပြောဖို့ပဲ....သမီးကဖြင့် မမကြိုက်တဲ့
ကျောင်းက အချဉ်ပေါင်းလေးဝယ်ပြီးလာပေးတာကို"

"အို့....ဟုတ်လား Sorry  myချန်း
အချဉ်က ငါးပိများများထည့်ခဲ့လား အစပ်ကရော "

"ထည့်ခဲ့ပါတယ်နော် မမအကြိုက်ပဲ အကုန်ထည့်လာတာ
သရက်သီးကိုလဲ သုတ်ကာနီးမှ လှီးခိုင်းခဲ့တာပါ။"

"အားးးး အနံ့နဲ့တင် အိပ်ချင်စိတ်တောင်ပြေတယ်
သွားရည်တောင်ထွက်လာပြီ "

ထိုသို့ပြောရင်း အထုပ်တွေကိုဆွဲဖြေလိုက်ပြီး
အသင့်ပါလာတဲ့ တူလေးတွေကိုထုတ်ယူလိုက်သည်။
သံပုရာသီးသုပ် ,သရက်သီးသုပ်,မာလကာသီးသုပ်
ငါးရေခွံကြော်နဲ့ ကြာဇံသုပ်ပါ ပါလာသေးတာကြောင့်

ချန်းကိုပါးလေးကိုဆွဲညှစ်လိုက်ပြီး....

"တကယ် ငါ့အကြိုက်အကုန်သိတယ်
ဘယ်လောက်တောင်ကုန်လာတာပဲ ပြန်ပေးမယ်နော် "

"ဟင့်အင်း မပေးနဲ့ ဆံပင်ညှပ်ပေး "

"အပိုတွေ "

ထို့နောက် စားစရာအထုပ်တွေထဲကမှ
အကြိုက်ဆုံး သံပုရာသီးသုပ်ကို
အရင်ဆုံးမြည်းစမ်းလိုက်လိုက်သည်။

သံပုရာသီးစိပ်ကို ငါးပိအနှစ်ရည်နှင့်တို့ပြီး
ဝါးစားလိုက်တော့ မေးရိုးတလျှောက်ကျဉ်တက်လာ၏။

ချဉ်ချဉ်စပ်စပ် သံပုရာသီးသုပ်သည် တခနအတွင်း
အကြောအချဉ်တွေကိုပြေသွားစေတာတော့အမှန်။

ထို့နောက် ကျွပ်နေတဲ့ သရက်သီးကိုလဲ
ငရုတ်သီး ငါပိအနှစ်နဲ့တို့ကာ ထပ်ပြီး တဂျွပ်ဂျွပ် ဝါးလိုက်သည်။

Honey နဲ့ MommyWhere stories live. Discover now