Hyung မနက်ဖြန် New York သွားရတော့မှာနော် လိုအပ်တဲ့ပစ္စည်းတွေအကုန်ထည့်ပြီးပြီလား
လိုအပ်တာလေးတွေထည့်နေရင်း ဘေးနားမှာ ဂိမ်းထိုင်ဆော့နေတဲ့ Taehyung ကို Jungkook မေးနေလေသည်
ဘာထည့်စရာလိုလို့လဲ Jungkook ကလည်း ဝတ်ရမယ့်အဝတ်အစားတွေအကုန် stylist တွေ စီစဥ်ပြီးသားပဲကို ငါတို့က ကောက်ဝတ်လိုက်ရုံပဲဟုတ်ဘူးလား
ကျောပိုးအိတ်လေးဇစ်ပိတ်ပြီးတာနဲ့ တမင်ညစ်ပြီးဆိုးနေတဲ့အဆိုးလေးနားကို သွားထိုင်ရင်း
မဟုတ်သေးဘူးလေ Hyung ကလည်း
လေယာဥ်ပေါ်မှာ ပျင်းနေရင် နားကြပ်လေးတပ်ပြီး သီချင်းနားထောင်ဖို့ နားကြပ်လိုမယ် အိပ်ချင်တဲ့အချိန်ကျ မျက်လုံးကိုကာဖို့ မျက်လုံးကာလေးလိုမယ် ဟိုရောက်ပြန်ရင်လည်း Hyung မျက်နှာသစ်ဖို့ သုံးနေကျ မျက်နှာသစ်ဆေး သွားတိုက်ဆေးတွေလိုမယ် ညအိပ်ယာမဝင်ခင် skincare ဖို့ Hyung လိမ်းနေကျ skincare လေးတွေကို သပ်သပ် ထည့်ရမယ်လေ Hyung ရဲ့ကျွန်တော်ကသာ ရေပက်မဝင်အောင်ပြောနေတာ သူလေးက ဂိမ်းဆော့မပျက် ကျွန်တော်ပြောတာ ကြားရောကြားရဲ့လားမသိ
Hyung ကျွန်တော် ပြောနေတာရော ကြားရဲ့လား
ကြားပါတယ် Jungkook ကလည်း ငါဒီမှာဂိမ်းကဆော့လက်စကြီးမို့ပါ
Hyung
........
Hyungie
.........
Hyung လို့
.........
ဘယ်လောက်ခေါ်ခေါ်သူကမထူး ဂိမ်းထဲအတော်ကိုအာရုံရောက်နေတယ်ထင်တယ်
Hyung က ကျွန်တော့်ကိုလည်း မချစ်ဘူး သိတယ် ကျွန်တော်က Hyung ဆော့နေတဲ့ ဂိမ်းလောက်တောင် Hyung အတွက် အရေးမပါဘူး
ထိုအချိန်မှ Taehyung တစ်ယောက် လက်ထဲကဖုန်းကို ပြာပြာသလဲချကာ Jungkook မျက်နှာလေးကို ကြည့်ရင်း စကားပြောလေသည်
Hyung က မင်းကို အရမ်းချစ်တာပါ Jungkookie ရဲ့ အရာအားလုံး ကမ္ဘာပေါ်မှာ ရှိသမျှ အရာအားလုံးထက် မင်းကိုပိုချစ်တယ်
Hyung လျှောက်ပြောနေတာ ခုနကကျ ကျွန်တော့်ကို အဖက်မလုပ်ပဲနဲ့ ကျွန်တော်ဒီလောက်ပြောနေတဲ့ဟာကို
YOU ARE READING
My Safe Place (One-Short Story)