IX. ( Unicode )

3.2K 449 13
                                    


ဝမ်ရိပေါ်အခန်းပြန်ရောက်လာတော့ ရှောင်းကျန့်က ကုတင်ပေါ်မှာဖုန်းတစ်လုံးနဲ့။ သူ့ဝင်လာတာကိုတောင်တစ်ချက်မကြည့်ဘူး။ အဖွဲ့နဲ့ ပရောဂျက်ဆွေးနွေးနေတယ်ထင်တယ်။

ဝမ်ရိပေါ်က ကျောပိုးအိတ်ကိုစားပွဲအသေးလေးပေါ်တင်လို့ လူကအိပ်ရာပေါ်လှဲလိုက်တယ်။ ပက်လက်အိပ်အနေအထားနဲ့ တစ်ဖက်ကုတင်ကရှောင်းကျန့်ကို မျက်လုံးထောင့်ကပ်လို့ကြည့်လိုက်တယ်။

အပြုံးနုနုနဲ့ရှောင်းကျန့်က အရမ်းကိုရင်အေးစေတယ်။

ဟမ်...ရှောင်းကျန့်က ပြုံးနေတယ်?

နူးနူးညံ့ညံ့ကိုလေ....

ရုတ်တရက်ကြီး ဝမ်ရိပေါ်က ဖရန့်ပြောတဲ့ လူမှုရေးသိပ္ပံမေဂျာရဲ့ပရောဂျက်ကြီးနဲ့ ထစ်ဖနီကိစ္စကိုသတိရသွားတယ်။

"အဟမ်း..."

ဝမ်ရိပေါ်က ကုတင်ကိုကျောမှီလိုက်ရင်း ချောင်းဟန့်လိုက်တယ်။ ဒါပေမဲ့ ရှောင်းကျန့်က သူ့ကိုမကြည့်လာသေးဘူး။

"အဟမ်း...အဟမ်း"

ဝမ်ရိပေါ်က ပိုပြီးအသံကိုမြှင့်လိုက်တယ်။ ရှောင်ကျန့်က တစ်ချက်တော့ကြည့်လာတယ်။

ဝမ်ရိပေါ်ကိုကြည့်လာတဲ့အခါ ခုနကနူးညံ့တဲ့အပြုံးတွေက အလန့်တကြားနဲ့ပျောက်ကွယ်ကုန်တယ်။ လက်ကလည်း ဖုန်းစခရင်ကိုပိတ်ပြီးသားဖြစ်တယ်။

"ဘာ..ဘာလဲ...ချောင်းဆိုးနေရင်လည်း ဆေးသောက်လေ"

ရှောင်းကျန့်က ပြောပြီးတစ်ဖက်လှည့်အိပ်ဖို့ပြင်တယ်။

ဘာလဲ...ဘာလို့လန့်တာလဲ။

ဘယ်သူနဲ့ chattingထိုင်နေတာလဲ။

ထစ်ဖနီ?

dating partner?

"ရှောင်းကျန့်..."

ရိပေါ်ကခေါ်တော့ တစ်ဖက်လှည့်အိပ်နေရာကနေခေါင်းလေးလည်ပြန်ကြည့်လာတယ်။

"ပရောဂျက်လုပ်ရတာ အဆင်ပြေလား"

"အင်း..ပြေပါတယ်...ဘာလို့လဲ"

"....."

ရှောင်းကျန့်က ဝမ်ရိပေါ်ဘက်လှည့်လို့မျက်နှာမူလိုက်တယ်။

JUST ANOTHER BOY [ Completed ]Where stories live. Discover now