Unicode
*Congratulations ကောင်လေး*
လက်မှ ပတ်တီးဖြည်ဖို့ ဦးဝေနှင့် ဆေးရုံသွားစဥ် အထွေထွေရောဂါရှာဖွေရေး ကုသဆောင်မှ အရိုး အထူးကုဌာနထိ တကူးတက လာပြောသွားသည့် ဦးဝေသူငယ်ချင်း ဒေါက်တာသစ်လွင်၏ စကား......ထိုစကားသည် သာမာန်စကားလုံးတစ်ခုသာဖြစ်ပေမယ့် သူရိန် နားထဲကမထွက်တော့။ congratulation ဆိုတဲ့စကားလုံးတစ်လုံးရဲ့ တန်ဖိုးက ထိုမျှလောက်ကြီးမားသည်ကို သူရိန် အခုတော့ကောင်းကောင်းသဘောပေါက်ပြီဖြစ်သည်။ ထိုစကားလုံးတစ်လုံး၏ဖြစ်တည်မှုသည် တခြားသူဆီကကြားရတာ ထိုမျှလောက် ပျော်စရာကောင်းသည်ဆိုလျှင် ဦးဝေ ဆီကသာ ထိုစကားကြားရလျှင် ထိုအခိုက်အတန့်၏ ကမ္ဘာ့မာန်အတက်ဆုံးလူသားကိုပြပါဆိုလျှင် သူရိန်ဖြစ်ပေလိမ့်မည်။ သို့သော် ချစ်ရတဲ့ ဦးဝေဆီက ထိုစကားကြားရဖို့တော့ သူရိန် အများကြီးကြိုးစားရပေအုံးမည်။
ဒေါက်တာ သစ်လွင်၏ congratulation လုပ်ရခြင်းအကြောင်းအရင်း.....မနက်မိုးလင်းသည်နှင့် နာမည်ကြီး social paltform 3 ခုလောက်တွင် ပါလာသည့် ဦးဝေ နှင့် သူရိန်၏သတင်းကြောင့်ပင်။ PARAGON လုပ်ငန်းစု ဥက္ကဌဦးဝေလင်းရှိန် ၏ အိမ်ထောင်ဖက်အား ပထမဆုံးအကြိမ် လူသိရှင်ကြားပွဲထုတ်လာခြင်းဟူသည့် သတင်းသည် အကျယ်တ၀င့်နှင့်။ ထိုသတင်းကို မြင်မြင်ချင်း သူရိန့် ၅ မိနစ်ခန့် ပတ်၀န်းကျင်နှင့်အဆက်အသွယ်ခနပြတ်သွားရသည်။ သတိပြန်၀င်၀င်လာခြင်းလုပ်မိသည့် ပထမဆုံး အလုပ်သည် necktie စည်းနေသည့် ဦးဝေကိုယ်ပေါ် တစ်ကိုယ်လုံး ခုန်တက်ပြီး တက်ခွ ကာဖက်ထားမိခြင်းပင်။ ရုတ်တရတ်ဆန်သည့် သူရိန့်အပြုအမူကြောင့် ဟန်ချက်ပျက်သွားသည့် ဦးဝေက ခြေနောက်တစ်လှမ်းယိုင်သွားပေမယ့် ချက်ချင်း ပြန်ထိန်းကာ ကိုယ်ပေါ်တွယ်တက်နေသည့် သူရိန့်ကို ပြန်ထိန်းပေးလာ၏ *ပြုတ်ကျရင် လက်ပြန်နာမယ်လေ သူရိန်* ဟူသည့်ပြောစကားကို သူရိန်အရေးမစိုက်နိုင်တော့ ....ဖက်ထားဖို့ကသူရိန့် တာ၀န်ဖြစ်ပြီး ပြုတ်မကျအောင်ထိန်းပေးဖို့က ဦးဝေ တာ၀န်ဖြစ်သည်။
"ဒီနေ့တော့ ကျောင်းတစ်ရက်နားလိုက်တော့ သူရိန်"
"ဟုတ် ဦးဝေ"