အခန်းထဲမှာ ဆော့နေတုန်း ဘေးအိမ်က အသံတွေကြားတာကြောင့် ပြတင်းပေါက်ဘေးထားထားတဲ့ ခုံအပုလေးပေါ်တက်ကာ တစ်ဖက်ခြံကို စပ်စုလိုက်သည်။
ဘေးအိမ်က အလွတ်ကြီးလေ အရင်ကဆို ဘယ်သူမှ မရှိဘူး
ခုတော့ လူအသစ်တွေရောက်လာပြီ ထင်တယ်အပေါ်ကနေ ကြည့်ရတာ အားမရတာနဲ့ အောက်ထပ်ဆင်းကာ ခြံထဲကို အပြေးသွားလိုက်သည်
သူတို့အိမ်နဲ့ တစ်ဖက်အိမ်ကြားမှာ ခြားထားတာက နံရံတစ်ချပ်ပဲရှိသည်။
ထိုနံရံမှာမှ တစ်ဖက်နဲ့တစ်ဖက်ကူးသွားလို့ရတဲ့ တံခါးလေးတစ်ချပ်ရှိသည်။
မားမားပြောတာတော့ အရင်က ဒီဖက်အိမ်ရော ဟိုဖက်အိမ်ရော နှစ်အိမ်စလုံးကို လူတစ်ယောက်ကပဲ ပိုင်တာတဲ့
ထိုတံခါးလေးကနေ တစ်ဖက်ခြံကို လှမ်းချောင်းလိုက်သည်
ကားကြီးသုံးစီးနဲ့အတူ ပစ္စည်းတွေ သယ်နေတဲ့ လူတွေကလဲ အများကြီး
ရုတ်တရက် သူရှေ့လာပိတ်သော မျက်နှာတစ်ခုကြောင့် လန့်ပြီး နောက်ပြန်လဲကျသွားသည်"အား.....မားမားရေ"
လန့်ပြီး မားမားနာမည် အော်မိနေတုန်း သူချောင်းနေတဲ့ တံခါးလေးက ပွင့်လာကာ သူ့အရွယ်ကောင်လေးတစ်ယောက် ဝင်လာသည်။
သူကြောင်ကြည့်နေတုန်း သူ့ရှေ့ကို ကမ်းလားတဲ့ လက်သေးသေးလေး
ထိုလက်သေးသေးလေးကို အကူအညီယူကာ ထလိုက်သည်
လက်ချင်း တွဲမိနေတာကို ခုထိ မဖြုတ်သေး
ဖြုတ်ဖို့မေ့နေတာဆို ပိုမှန်မယ်
မျက်စိရှေ့ရှိနေတဲ့ သူနဲ့ရွယ်တူကောင်လေးကို ကြည့်နေမိသည်သူသေချာကြည့်နေမိတုန်း ထိုကောင်လေးက အလှပဆုံးပြုံးကာ နှုတ်ဆက် လာသည်။
"အာညော်...ငါ့နာမည်က နာဂျယ်မင်း"
"အာ...အာညော်... ငါက ဂျဲနို
အီဂျဲနို"သူလဲ ပြန်ပြုံးပြမိလိုက်သည် ထင်ပါရဲ့
အဲ့လိုနဲ့ ဧပြီလရဲ့ နေ့လယ်ခင်းမှာ အီဂျဲနို နဲ့ နာဂျယ်မင်း ဆိုတဲ့ ကောင်လေးနှစ်ယောက် စတွေ့ခဲ့ကြသည်။
ထိုနေ့က လေးလပိုင်း ၁၆ ရက် ၂၀၀၈ ခုနှစ်
=================================
YOU ARE READING
Not an ENDING[COMPLETED]
Fanfictionကိုယ်ပြောခဲ့တယ်လေ မင်းမရှိရင် ကိုယ်ဆိုတာ သေသွားမှာလို့