Unicode
"Baby ဘာစားမလဲ?"
မင်းမာန်ခစား menuစာအုပ်ကို ယူကာ
အမိန့်ရှေ့သို့ ချပေးလိုက်သည်။
အမိန့်ကmenuကို မကြည့်ပဲ အလိုမကျမူ
များနှင့် ထိုင်နေသည်။သစ်နေစက်ကတော့ အချစ်စမ်းနေတဲ့ နှစ်
ယောက်ကြား အဆင်ပြေတာတစ်ခုသာ
မှာလိုက်သည်။"အဆင်ပြေတာသာမှာတော့"
"ကြိုက်တာမတွေ့ဘူးလား?"
ဒီဆိုင်ကသိုးသားစတိတ်ကကောင်းတယ်တဲ့!""မကြိုက်ဘူး"
အမိန့် ထိုစကားကိုသာဆိုပြီး ဘာမှမပြော
တော့ပဲ ထိုင်နေသည်။မင်းမာန်မှာတော့
menuကိုကြည့်ကာ သူကြိုက်လောက်မဲ့
အရာတွေကိုသာ မှာနေသည်။"ဆောရီး.ကိုယ်ကခေါ်လာပြီးဧည့်ဝတ်
မကျေသလိုဖြစ်သွားတယ်""မဟုတ်တာ ရပါတယ်ဗျာ"
အမိန့်ရာဆီ အကြည့်တစ်ချက် ဖြတ်သွား
တာကြောင့် မင်းမာန်ခစား အမိန့်လက်ကို
ကိုင်ကာ"ဒါကကိုယ်ရဲ့သတို့သားလောင်းအမိန့်ရာ"
"တွေ့ရတာဝမ်းသာပါတယ်"
"ကျွန်တော်ရောပဲ"
သစ်နေစက် သူ့မျက်နှာက အမူအရာကို
ထိန်းချူ ပ်နိုင်လိုက်သည်။ဒီလိုပုံစံ
ပြုမူကတည်းက ပတ်သတ်မူက မရိုးရှင်းမှန်း
သိပေမဲ့ ဒီလိုအခြေအနေထိ မထင်ထား။
မကြာခင်က ထွက်လာတဲ့သတင်းတွေက
အတုအယောင်မဟုတ်တာ သေချာသွားသည်။အစားအသောက်တွေကို မှာပြီးတာနဲ့
မင်းမာန်ခစား သူ့အရင်စကားစလိုက်သည်။"ဒီတစ်ခေါက်ကိုယ်ကြားတာASက
projectကြီးတစ်ခုစီစဉ်နေတယ်ဆိုပဲ"မင်းမာန်ခစားဖက်က လမ်းဖောက်ပေးလာ
တာကြောင့် သစ်နေစက်အသင့်လျှောက်
လိုက်သည်။"ဟုတ်တယ်ဗျ၊ဒါပေမဲ့ ဒီတစ်ခေါက်က
အရမ်းမျှော်လင့်ထားတော့ ပါတနာတွေ
လိုအပ်နေလို့""အဆင်ပြေရင်ကိုယ့်ကိုအချက်အလက်တွေ
ပို့လိုက်လေ၊ကိုယ်လည်းပါတနာအသစ်
ရှာနေတာ""ကျွန်တော်ပို့လိုက်ပါမယ်၊ဒါနဲ့ ပါတနာအသစ်
တွေ့ပြီလို့တောင်ထင်နေတာ၊ဦးမင်းမာန်ခစား
ဆိုတာနဲ့ အလုပ်တွဲလုပ်ချင်သူတွေများတာပဲ"
ŞİMDİ OKUDUĞUN
RomantizmUnicode ကျွန်တော်က အနောက်က လိုက်ရတာထက် ဘေးချင်းယှဉ်ရပ်နိုင်တာကိုပဲ လိုချင်တာ အမိန့်ရာ ကိုယ်တစ်ယောက်လုံး မင်းဘေးရပ်နေတာ နဲ့တင် မလုံလောက်ဘူးလားbaby မင်းမာန်ခစား Zawgyi ကြၽန္ေတာ္က အေနာက္က လုိက...