10 (Z)

80 6 0
                                    

ယနေ့တော့ ကျောင်းပိတ်ရက်ဖြစ်သည့်အတွက်ကြောင့် ကိုနေနဲ့သာ တစ်နေ့လုံး အတူရှိ‌ဖြစ်မည်ဖြစ်သည်။
ပြောသာပြောရတာပါ…ကျောင်းဖွင့်ရက်ဆိုလည်း အချိန်ပြည့်အတူတူရှိနေရသည်ပဲကို။
အခုလောလောဆယ်တော့ ထုံးစံအတိုင်း ကိုနေ့ကို သွားနှိုးပေးရမည်ဖြည်သည်။
မေမေကတော့ ရုံးသွားပြီ။
ကိုနေ့ဖေဖေကလည်း သူ့အလုပ်သူသွားပြီ။

ကျွန်တော် ကိုနေတို့အိမ်ရှေ့ရောက်တော့ ကိုနေ့မေမေက ဈေးခြင်းတောင်းကြီးဖြင့် ဈေးဝယ်သွားဖို့ထင်သည်။

"ဟယ် သားလရောင်။
သားကိုကိုကတော့ အခုထိ အိပ်ရာကမထသေးဘူးကွယ်။သူ့ကိုနှိုးပြီးရင် မီးဖိုခန်းထဲမှာပြင်ပေးထားတဲ့မနက်စာကို ညီအစ်ကိုနှစ်ယောက်စားလိုက်ကြနော်။"

"ဟုတ်ကဲ့ပါ တီတီ။"

ကိုနေ့မေမေက မှာကြားစရာရှိသည်များကို မှာကြားပြီးလျှင် ဈေးသို့သွားပြီ။
ကျွန်တော်လည်း ကိုနေ့အား သွားနှိုးပေးရပေဦးမည်။

ရိုးရာမပျက်ပါပဲ။
ကိုနေက ကျွန်တော့်ကိုဖက်ထားပြီး ဆယ်မိနစ်ခန့်ပြန်အိပ်နေသေးသည်။ပြီးမှ အိပ်ရာထပြီး မျက်နှာသစ်၊ပြင်ဆင်သည်။
ကျွန်တော်ကတော့ ကျွန်တော်တို့နှစ်ယောက် မနက်စာစားဖို့ရန်အတွက် ပြင်ဆင်ပေးရသည်။
ကိုနေနဲ့အတူစားရတဲ့ မနက်စာတိုင်းက အစားသိပ်မခုံမင်တတ်တဲ့ကျွန်တော့်အတွက် သိပ်ကို စား၍မြိန်လှသည်။ခါတိုင်းဆို ကော်ဖီတစ်ခွက်နှင့်ကိတ်မုန့်တစ်ချက်သာ မနက်စာအဖြစ်စားတတ်တဲ့ကျွန်တော်က ဒီနေ့တော့ မုန့်ဟင်းခါးတစ်ပန်းကန်တောင်ကုန်တယ်တဲ့။

မနက်စာစားပြီးပြန်တော့ ခွက်တွေကို ကိုနေကဆေးပေးသည်။
ကျွန်တော်ဆေးမယ်ဆိုလည်း မရဘူး။
ကိုနေက သူပဲလုပ်ပေးမယ်တဲ့။
"အဲ့လက်နုနုထွတ်ထွတ်လေးတွေကို ပန်းကန်မဆေးခိုင်းရက်ပါဘူး။"ဆိုပြီး ရင်ခုန်စရာစကားတွေရောပြောသေးသည်။
ကိုနေဟာလေ ဘယ်လိုလူသားမျိုးလေးမှန်းကိုမသိပါဘူး။
လူကို အမျိုးမျိုးရင်ဖိုစေသည်။

မနက် ၈နာရီခွဲလောက်ကတည်းက ဈေးသွားတဲ့ ကိုနေ့မေမေလည်း ၁၀နာရီလောက်မှ အိမ်ပြန်ရောက်လာခဲ့တယ်။ဟုတ်မှာပေါ့လေ…တစ်ပတ်စာအတွက် အလုံအလောက်ဝယ်နေရတော့ ဒီလောက်တော့ ကြာမှာပေါ့။
ခြံထဲက ဒန်းလေးပေါ်မှာ ကိုနေနဲ့စကားထိုင်ပြောနေရင်း တီတီပြန်လာတာမြင်တော့ အပြေးကလေးသွား၍ ဈေးခြင်းကူသယ်ပေးရသေးသည်။
တီတီအမောပြေအဖြစ် ရေတစ်ခွက်အဆင်သင့်ဖြစ်ဖို့ကိုတော့ ကိုနေကတာဝန်ယူပါလိမ့်မည်။

ချင်းတွင်းသက်သေ(ချင်းတွင်းသက်သေ) COMPLETED Donde viven las historias. Descúbrelo ahora