Unicode
ရှီရှန်းက ရှန်းရှမိဘတွေ စုဆောင်းထားတဲ့ ပစ္စည်းတွေကို နိုင်ငံပိုင်အဖြစ်လွှဲပြောင်းပေးအပ်ခဲ့တယ် အစိုးရက လျင်မြန်စွာတုံ့ပြန်ခဲ့ပြီး ရှန်းရှီGroup နှင့် ရှီရှန်း ကိုယ်တိုင်အထူးချီးကျူးခဲ့တယ်
ရှန်းရှီ Groupဟာနှစ်အနည်းငယ်အတွင်းနိုင်ငံစုံကော်ပိုရေးရှင်းတစ်ခုအဖြစ်သို့တိုးတက်လာခဲ့ပြီး ကုယန်ရဲ့ e-commerce လုပ်ငန်းပိုင်းစျေးကွက်ကိုတော့ ရှီရှန်း မ၀င်ခဲ့ဘူး
ရှန့်ကျားရင်းရဲ့ ကုမ္ပဏီဟာ အတော်လေး တိုးတက်လာပေမယ့်လည်း ကုယန်ရဲ့ ဧရာမကုမ္ပဏီရှိနေခြင်းကြောင့် အခက်အခဲတစ်စက်မှမဖြစ်ပေါ်စေခဲ့ဘဲ ကုယန် ကဝယ်ယူခဲ့နိုင်တယ်
မကြာခင်မှာ ခေတ်ကာလပြောင်းလဲသွားပြီးအင်တာနက်လည်း ပျံ့နှံ့လာတယ်
သတင်းအချက်အလက်များဟာလည်း မိနစ်အနည်းငယ်အတွင်း ကမ္ဘာကိုလှည့်ပတ်နိုင်တဲ့ အခြေအနေဖြစ်လာတယ်"စီအီးအိုကု.. မင်းက e-commerce လုပ်ငန်းကိုဘာကြောင့်ပြောင်းလဲခဲ့တာလဲ..မင်း အဲ့ဒါကို စတင်တဲ့အချိန်မှာ သူက ခေတ်မစားသေးဘူးလေ "
ဖန်သားပြင်ပေါ်မှာ အင်တာဗျူးသူတစ်ဦးက ကုယန်နှင့်တွေ့ဆုံမေးမြန်းနေလေတယ်
သူဟာ ငယ်ရွယ်စဥ်ကအတိုင်း သူ့မျက်နှာပေါ်မှာ အရေးအကြောင်း များများကျန်ရစ်ခဲ့ပုံမပေါ်ပေ
သူကကင်မရာဘက်ကို လှည့်ပြီး ပြုံးပြတယ် "e-commerce ကအနာဂတ်ရဲ့လမ်းစဖြစ်လာလိမ့်မယ်လို့ ငါ့ကို လူတစ်ယောက်ကပြောဖူးတာမို့ ငါသူ့ရဲ့အကြံဥာဏ်ကိုလိုက်နာခဲ့တယ်"" ဝါး!" အင်တာဗျူးသူက သူ့တုံ့ပြန်မှုကိုပုံကြီးချဲ့လေတယ်
"အနာဂတ်ကိုအများကြီးကြိုမြင်နိုင်တဲ့သူကဘယ်သူများပါလဲ""မင်းတို့အားလုံးလည်းဒီလူနဲ့တော်တော်ရင်းနှီးတာပဲ "
"အိုး? ဘယ်သူလဲ? စီအီးအိုကု၊ မင်းငါ့ကိုရိုးရိုးရှင်းရှင်းပဲပြောရလိမ့်မယ်"
အင်တာဗျူးသူက စိတ်လှုပ်ရှားစွာမေးတယ်ကုယန် က ပြုံးလိုက်တယ် "ရှန်းရှီ Groupရဲ့ CEO ရှန်းရှ"
"ဘုရားရေ! ဒါဟာသူမတကယ်ပဲလား! ဒါပေမယ့် မင်းဆုံးဖြတ်ချက်ကိုချလိုက်တဲ့အခါသူမတကယ်ပဲငယ်ရွယ်နေတုန်းဖြစ်ရမယ်.. သူမရဲ့အကြံဥာဏ်ကိုလိုက်နာဖို့ မင်းကိုဘာကတွန်းအားပေးခဲ့တာလဲ "
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....