ညကတည်းက တကျိုးတည်းအိပ်လိုက်တာ တရေးနိုးလာတော့ နံနက်ရောင်နီပင်သမ်းစပြုနေပြီ...
တစ်ညလုံး သောင်းကျန်းနေခဲ့သည့် မုန်တိုင်းက အခုတော့ သူမဟုတ်သလို ငြိမ်သက်ကာ ငှက်ငယ်လေးများ၏ ကျိကျီကျားကျားအသံတွေပင် ကြားနေရပါသည်။
ဦးနှောက်က အသိဝင်လာသည်နှင့် တခုခုမှားနေသည်ဟု သူခံစားလိုက်ရသည်။
မရင်းနှီးသည့် ကိုယ်သင်းနံ့တစ်ခုက သူ့နှာခေါင်းထဲသို့ဝင်လာပါသည်။
ရင်ခွင်ထဲတွင် နွေးထွေးနေသည့် ခန္ဓာကိုယ်တစ်ခုက သူ့ရဲ့Hunnieမဟုတ်မှန်းတော့ သိနေသည်။
Do...Do Kyungsoo....!!
သူအလန့်တကြားဖြင့် အိပ်ယာထဲမှ အလူးအလဲ ထွက်လိုက်သည်။
သွားပြီ...!!
သူ့ခန္ဓာကိုယ်တွင် အတွင်းခံလေးတစ်ထည်ပင် ကပ်မနေတော့ပါ...
စိတ်တို့ကို တည်ငြိမ်အောင် စုစည်းလိုက်ပြီးနောက် အဝတ်အိတ်ပေါ်တွင် ပစ်တင်ထားသည့် မျက်နှာသုတ်ပုဝါကြီးကိုဆွဲယူကာ သူ့ခါးအောက်ပိုင်းအား ပတ်ထားလိုက်ပါတော့သည်။
''Do~~~Do Kyungsoo...! မြန်မြန်ထစမ်း..''
အိပ်မောကျနေသည့် ထိုကောင်လေးအား ပခုံးမှလှုပ်နိုးလိုက်တော့ မျက်လုံးပွင့်လာသည်။
ကောင်လေးက သူ့ကိုမြင်သည်နှင့် သရဲတစ္ဆေတွေ့သွားသလို စောင်ပါးလေးအား ရင်ဘတ်ထိဆွဲခြုံကာ ငုတ်တုတ်ထထိုင်ပါသည်။
''ကျွန်...ကျွန်တော်...''
''အင်္ကျီမြန်မြန်ဝတ်လိုက်စမ်းပါ...''
သူခိုင်းသည့်အတိုင်း ခြေရင်းမှာပုံကျနေသည့် အဝတ်အစားတို့အား အလျင်အမြန်ကောက်ဝတ်သည်။
''ငါ...ငါတို့ ဘာမှမဖြစ်ခဲ့ဘူးမလား Do Kyungsoo...''
''ဟို...ကျွန်တော်...''
ကောင်လေးက လည်ပင်းမှ အနီကွက်တွေကို လက်ဖြင့်ပွတ်ကာ အဖြေခက်နေဟန်တူသည်။
''အဲ့ဒီအကွက်တွေက ဘာတွေလဲ...''
''ကျွန်တော်တို့ ဘာမှမဖြစ်ခဲ့ပါဘူး..! ကျွန်တော့ကို ခွင့်ပြုပါဦးသူဌေး...''