1.13

2K 204 4
                                    


Unicode

ချန်ရှို့တို့လည်း အိမ်ပြန်ပြီးနောက် ကိုယ့်အခန်းကိုဝင်ကာ အနားယူလိုက်ကြသည်
အခုဟာဆိုရင် ဇာတ်လိုက်ဆီက နှစ်သက်မှုက 2% ပြန်တိုးလာတာကြောင့် သူ့ဆီက percent ကပြည့်သွားပြီဖြစ်သည်

လက်ရှိ စုစုပေါင်းကတော့ 60% ဖြစ်သည် ခုတလော ရှောင်ချင်းကလည်း ဘာမစ်ရှင်မှ လုပ်ဖို့မပြောတာကြောင့် ချန်ရှို့လည်း အေးဆေးနေလိုက်တော့တယ် ပြီးတော့လည်း ဘာတဲ့ အစည်းဝေးဆိုလားပဲ တက်ရောက်စရာရှိလို့ သူကျနော့်အနားမနေနိုင်ဘူးလို့လည်း ပြောသေးတယ် ဘာပဲဖစ်ဖြစ်ထားပါလေ အရေးမကြီးပါဘူး

ဒီလိုနဲ့ စနနေ့ရောက်လာတော့ ချန်ရှို့လည်း ဟော်ရန်လွဲ့ကို ခွင့်တောင်းပြီး လျိုယန်ရင်းတို့အိမ်ကို ဦးတည်လာတော့သည်

သူရောက်တော့ ခါတိုင်းလိုပဲ သူ့ကို နွေးနွေးထွေးထွေးဆက်ဆံပြီး ချစ်ခင်တာကြောင့် ချန်ရှို့တစ်ယောက် တကယ့်မိသားစုကို ရသွားသလို ပျော်ရွှင်နေသည်

ချန်ရှို့နဲ့ လျိုယန်ရင်းလည်း စာအတူလုပ်ဖို့ အခန်းထဲဝင်သွားကြလိုက်တယ်
အခန်းထဲရောက်တော့ လျိုယန်ရင်းက သူမရဲ့ ဗီရိုထဲကနေ အဖြူရောင်အမှုန့်တွေနဲ့ အထုတ်တစ်ထုတ်ကို ယူလာကာ ချန်ရှို့ရှေ့က စားပွဲပေါ်တင်ပေးလိုက်သည်

'' ကြည့် မောင်လေး ဒါက တိုင်းရင်းဆေးတစ်မျိုးပဲ ဒီဟာကို သုံးရင်လေ အရမ်းကောင်းတဲ့ခံစားချက်ပေးတယ်တဲ့ မမလည်းအရင်က သုံးဖူးတာလေ အရမ်းကောင်းလို့ မောင်လေးအတွက်ပါ မှာပေးလိုက်တာ ဒါမျိုးက အရမ်းရှားတယ် ဆိုင်တွေမှာ ဒီတိုင်းမရောင်းကြဘူး ရော့ မောင်လေး သုံးကြည့် ''

'' ဟုတ်လား အဲ့လောက်တန်ဖိုးရှိတာကို ဘာလို့ကျနော့်ကိုပေးတာလဲ မမပဲ သုံးလိုက်လေ ကျနော်သုံးလိုက်ရင် နှမျှောစရာကြီး ''

'' ဘာမှမဖြစ်ပါဘူး မောင်လေးရဲ့ မမက မောင်လေးကို ချစ်လို့ ကောင်းတဲ့ဟာတွေကို မျှဝေချင်တာ ''

'' အော် ဟုတ်..ဒါဆို ဒီဟာက ဒီတိုင်းလျှာနဲ့လျက်ရတာလား အမှုန့်ဆိုတော့ ''

'' နှာခေါင်းကနေ ရှူလိုက် ''

( အဲ့လိုဆေးတွေကို နှာခေါင်းကနေ ရှူရတယ်လို့ပဲ ကြားတာပါ ဟုတ်လားမဟုတ်လားတော့ မသိဘူး ငါလေးက
အင်နိုးစန့် 😉😉 )

Changing Female lead ( System) Where stories live. Discover now