Part...8

784 121 17
                                    

For Unicode

အသင့်အတင့်ကျယ်ဝန်းတဲ့ ဧည့်ခန်းကြီးရဲ့အလည်မှာ ချိတ်ဆွဲထားတဲ့ မိသားစုပုံတစ်ပုံ။

လူကြီးနှစ်ယောက်နဲ့ လူငယ်နှစ်ယောက်ပါဝင်တဲ့ ထိုမိသားစုလေးဟာ သိပ်ကိုပျော်စရာကောင်းတဲ့ မိသားစုလေးတစ်ခုလိုပင်။

ရေကန်ကျယ်ကြီးကိုနောက်ခံထားကာ
နေဝင်ချိန်မှာ ရိုက်ကူးထားပြီး လောကကြီးရဲ့အလှတရားတွေ ရောယှက်ပေါင်းစုံနေတဲ့ ထိုပုံဟာ Kim Seok Jinတို့၏ မိသားစုဓါတ်ပုံလေးပင်။

ပုံထဲတွင် Seok jin၏အဖေဖြစ်သူ Kim Min Hyungဟာ အမေဖြစ်သူ Kim Mi Eunကို ဖက်ထားပြီး Seok jinနဲ့ Tae hyungကတော့ တစ်ယောက်နဲ့တစ်ယောက်  ပျော်ရွှင်ကြည်နူးခြင်းအပြည့်နှင့် ကြည့်ကာ ပြုံးရယ်နေကြသည်။

အချိန်တွေကြာလာသည်နှင့်အမျှ Tae hyungသည် Seok jinတို့ မိသားစုအတွက် မိသားစုဝင်တစ်ယောက်လိုပင် အရေးပါနေပြီဖြစ်ပါသည်။

ဧည့်ခန်းထဲမှာ ချိတ်ဆွဲသည့် မိသားစုဓါတ်ပုံထဲမှာ Tae Hyungပါဝင်နေခြင်းကိုကြည့်ခြင်းဖြင့် ဒီမိသားစုတွင် Tae hyung ဟာ ဘယ်လောက်တောင် အရေးပါနေပြီလဲဆိုတာ စဉ်းစားစရာပင်မလိုပဲ သိနိုင်ပါသည်။

သို့သော် Tae hyung၏ အရေးပါမှုသည် ထိုမျှလောက်ပင် မကပါ။ အိမ်ကြီး၏တစ်နေရာတွင် Tae hyungအတွက် သီးသန့်ခန်းတစ်ခန်းပင်ရှိနေဖြစ်ပါသည်။

လွန်ခဲ့တဲ့ ၃လပတ်ဝန်းကျင်လောက်က Tae hyungအတွက် အခန်းတစ်ခန်းရစေရန် အိမ်ရှိ စတိုခန်းကို မိသားစုလိုက်သန့်ရှင်းရေးလုပ်ကာ ကုတင်၊မွှေ့ယာနှင့် ဗီဒိုများပါ ထည့်ပေးထားပါသေးသည်။

အခန်းရတဲ့နေ့ကတည်းက Tae hyungက သူ့အိမ်နဲ့ကိုယ့်အိမ် အိမ်မှားနေသလားတောင် အောက်မေ့ရလောက်အောင် ၂၄နာရီ ၇ရက်ပတ်လုံး Seok jinတို့အိမ်မှာပဲ သောင်တင်နေတော့သည်။

"အမေရေ... အမေ "

အိမ်အောက်ထပ်က အသံဩဩကြောင့် Seok jinအပြေးလေးဆင်းလာလိုက်တော့ သူ့ရဲ့နှစ်ယောက်မရှိတဲ့ သူငယ်ချင်းလေး ရောက်လာခြင်းပင်။

မေမေနှင့် စကားပြောနေရင်းက လှမ်းပြုံးပြလာသည်မှာ လေးထောင့်ဆန်ဆန်အပြုံးလေးတွေကထင်းကနဲပင်။
ထူးထူးဆန်းဆန်းပြုံးရွှင်နေကာ မျက်လုံးတွေက အရောင်တလဲ့လဲနှင့်။

ငယ်ချစ်ပုံပြင်(ငယ္ခ်စ္ပုံပြင်)(Completed)Where stories live. Discover now