Mania Love

431 39 2
                                    

'ဟင့်အင် ! '

ခေါင်းကိုဘယ်ညာခါရမ်း၍ လေဟာနယ်ထဲရှိတစ်စုံတစ်ခုကိုအမိအရလိုက်ဖမ်းနေသည့်နှယ် ဘတ်ဟျွန်းလက်များလေထဲ၌ လုပ်ရှားနေ၏။

ခဏအကြာမည်သည့်တစ်စုံတစ်ရာမှ မဖမ်းဆုပ်မိ၍ထင် အိပ်နေရာမှဘတ်ဟျွန်းအနည်းငယ်လူးလွန့်လာသည်။ ဖြည်းဖြည်းချင်းပွင့်လာသောမျက်လုံးတွေနဲ့အတူ လှုပ်ခပ်သွားသောမျက်တောင်လေးများ...

မျက်လုံးဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် အလုအယက်မျက်လုံးတည့်တည့်သို့ဝင်ရောက်လာကြသော နေရောင်ခြည်များကြောင့် ဘတ်ဟျွန်းမျက်မှောင်ကြုံ့ မိသွားသည်။

ထို့နောက်မတတ်သာ၍ လုပ်နေရသော တာဝန်တစ်ခုကိုလုပ်ဆောင်ရမည့်သကဲ့သို့ ပျင်းရိပျင်းတွဲအိပ်ရာပေါ်မှထထိုင်လိုက်ကာ အိပ်မက်ကိုပြန်တွေး‌နေမိ၏။

အိပ်မက်ကဘတ်ဟျွန်းရဲ့ ယခု‌အခြေအနေနဲ့အလွန်ကိုကွာခြားနေသည်။ ဘတ်ဟျွန်းကအိပ်မက်ထဲမှာအရမ်းကိုပြုံးပျော်နေခဲ့ပြီး လူတစ်ယောက်နဲ့လည်းစကားပြောနေခဲ့ပါသည်တဲ့ ။

ပြန်တွေးမိလိုက်ရင်း ဘတ်ဟျွန်း ဟက် ခနဲရယ်လိုက်မိသည်။ အိပ်မက်ကအိပ်မက်ပါပဲလေလို့ ငြီးတွားရင်း အချိန်ပိုင်းအလုပ်ကိုသွားဖို့အိပ်ရာပေါ်မှထကာ ရေချိုးခန်းထဲဝင်လာခဲ့လိုက်‌တော့သည်။

ရေချိုးခန်းမှန်မှာမြင်နေရသော အပြုံးအရယ်မရှိမျက်နှာသေနဲ့ မိမိပုံကိုပြန်ကြည့်မိပြီးတစ်ဆက်တည်း ညကအိပ်မက်ထဲကလူရဲ့အပြုံးကိုပြန်ပုံဖော်ကြည့်မိသည်။ သို့သော်ပါးချိုင့်‌လေးခွက်ဝင်အောင်ပြုံးပြနေသည့်အေးချမ်းတဲ့အပြုံးလေးကလွဲလို့ ဘတ်ဟျွန်းထိုလူ၏ မျက်နှာကိုလုံးဝစဉ်းစားမရခဲ့ပါ။

'ဘာလဲကွာ '

စိတ်ရှုပ်ထွေးစွာ ဘတ်ဟျွန်းဆံပင်တွေကိုခပ်ကြမ်းကြမ်းဖွလိုက်သည်။

သွားလာလှုပ်ရှားနေရုံကလွဲ၍ အသက်မပါသလိုနေနေသော ဘတ်ဟျွန်းရဲ့ပျင်းစရာဘဝတစ်လျှောက်လုံးတွင် လူတစ်ယောက်အကြောင်း ခုလိုစဉ်းစားဖို့နေနေသာသာ စိတ်တောင်မဝင်စားခဲ့သည့်အပြင် မတတ်သာလို့စကားပြောရုံမှလွဲ၍ သူငယ်ချင်းဆိုပြီးတောင် ဘတ်ဟျွန်းတွင်မရှိခဲ့ပါ။

You've reached the end of published parts.

⏰ Last updated: Sep 15, 2023 ⏰

Add this story to your Library to get notified about new parts!

Mania LoveWhere stories live. Discover now