လွမ်းရိပ်မပြယ်သောမိုး
~~~~~~~~~~~~~~~~အုံ့ဆိုင်းမည်းမှောင်ပြီး ပြိုကျနေတဲ့မိုးတွေဟာ မိုးခြိမ်းသံ တဂျိန်းဂျိန်းနဲ့ရယ်။
ထိုမိုးကြောင့်တစ်စုံတစ်ယောက်ကိုလွမ်းရိပ်သန်းနေသလို၊အထီးကျန်နေမိသလို၊ စိတ်ထဲလေးလံထိုင်းမှိုင်းနေမိ၏။ဝါဆိုလဆုတ် (၁) ရက်နေ့ ၊ မြန်မာလူမျိုးတို့ရဲ့ရိုးရာဓလေ့ဖြစ်သည့် ဝါဆိုပန်းများခူးသည့်
ဒီနေ့လေးဟာ ကျွန်တော့်ရဲ့မွေးနေ့ဆိုလည်း
ဟုတ်သည် ။ ဝါဆိုပန်းခူးနေ့ဆိုလည်းဟုတ်သည်ပေါ့ ။ဝါဆိုပန်းတွေခူး ချစ်ရသူတွေကိုပန်းလေးတွေနဲ့ မေတ္တာသက်ဝင်ကြောင်း ဖွင့်ပြောကြသည့်ဒီနေ့လေးမှာ (၁၄)နှစ်တိုင်တိုင် ကျွန်တော်ပန်းလည်းမရဖူးသလို မည်သူ့ကိုမှပန်းလည်းမပေးဖူးပါဘူး ။
မွေးနေ့ဆုတောင်းလည်းဘယ်သူ့ဆီကမှမကြားဖူးသလို မွေးနေ့လက်ဆောင်လည်း
တစ်ခါမှမယ်မယ်ရရမရဖူးပါဘူး။
မိုးစက်လေးတွေကိုငေးကြည့်နေရင်းနဲ့မှ
အိမ်ကဖွင့်ထားသည့်ရေဒီယိုလေးကနေစည်းချက်ညီစွာပင် သီချင်းတစ်ပုဒ် နားထဲသို့ဝင်ယောင်လာခဲ့သည်။ထိုသီချင်းကား....~~ မိုးအုံ့လို့သစ်ရွက်ကလေးတွေငြိမ်လာရင် ~~~တိမ်တွေပြိုတော့မှာကြို သိတယ် ~~~ ဝါဆိုရယ် သိပ်သတိရမိတယ် ~~~ ပုန်းညက်လို့ ရောက်ရှိကြောင်းကိုကြေညာကာ ~~~ ငွေမှုန်ငွေစတွေ ရွာတော့ကွယ် ~~
ဝါဆိုရယ်သိပ်သတိရမိတယ် ~~~တိုင်းရှစ်ခွင် မှိုင်းညို့ဆိုင်းကာ မှုန်ရီခြယ် ~~~မိုးခြိမ်းသံသဲ့သဲ့ကြားတယ် ဝါဆိုရယ်~ ~~မိုးကအရင်တုန်းကအတိုင်းရွာနေပြီးကွယ် ~~~ လွမ်းတယ်ဝါဆိုရယ် ~~~( A/N မူရင်းသီဆိုသူ ကို Crdအပြည့်အဝပေးပါတယ်နော်)
လေဒီယိုကနေလွင့်စင်လာတဲ့သီချင်းသံလေးဟာ ဝါဆိုမိုးနဲ့ထပ်တူကျလျက် ။ တိုင်ကပ်နာရီကိုကျွန်တော်ကြည့်မိတော့မနက်၇နာရီခွဲရှိခဲ့လေပြီး။ (၉)တန်း ကျောင်းသားလေးကျွန်တော်ဟာ
ကျောင်းစိမ်းအင်္ကျီလဲကာ ကျောင်းစိမ်းလုံချည်အပိုတစ်ထည် လွယ်အိတ်ထဲကောက်ထည့်လိုက်ပြီး ကျောင်းသွားဖို့ပြင်ဆင်ရသည် ။ကျွန်တော့်နာမည်က မြူခေတ်သရာ ဒီနေ့ဆို (၁၄) နှစ်ပြည့်သည့်အထက်တန်းကျောင်းသားတစ်ယောက်ပါ ။
YOU ARE READING
လွမ်းရိပ်မပြယ်သောမိုး /လြမ္းရိပ္မျပယ္ေသာမိုး (one shot)