Unicode;
ကားပြိုင်ပွဲပြုလုပ်ရာကွင်းကျယ်ကြီးဘေးရှိ
ပြိုင်ကားအနီရဲရဲလေး၏ကားဘောနပ်စ်ပေါ်တွင် ထယ်ယောင်းကပက်လက်လှန်လှဲနေသည်။ဘေးတွင်ဘီယာဘူးတစ်ဘူးကထောင်လျက်ရှိနေကာ နှစ်ဘူးက ကားဘောနပ်စ်ပေါ်လဲနေ၏။လက်မှလက်အိတ်ကိုချွတ်ပြီးသည့်နောက် Jeon ပါထယ်ယောင်းဘေးဝင်လှဲလိုက်သည်။
မိုးရိပ်မရှိ၍ကြည်လင်နေသောကောင်းကင်ကြီးသည် ကြည်ပြာရောင်တောက်နေသည်။
လေကခပ်ဝေ့ဝေ့ကြည်စားလိုက်သောအခါ ထယ်ယောင်း၏အပြာရောင်ဆံပင်လွင့်သွားသည်။ချစ်သူနှင့်အဆင်မပြေ၍လေနေသောကင်မ်ထယ်ယောင်းကိုယခုမှပင်ပထမဆုံးမြင်ဖူးတာပင်။
အရာရာအားပေါ့ပေါ့ပါးပါးနှင့်ကြုံသလိုတွဲ ဖြစ်သလိုဖြတ်ခဲ့သော Relationship ပေါင်းများစွာအားပိုင်ဆိုင်ခဲ့သူ ကင်မ်ထယ်ယောင်းက အခုချစ်သူနဲ့အဆင်မပြေလို့ကွဲပြဲနေတာတဲ့....။"အဟက်"
"ဘာရယ်တာလဲ"
ရယ်သံကြားတော့ Jeon ဘက်လှည့်ကာအငေါ်တူးသည်။ဘီယာသောက်ထားသောကြောင့် ထယ်ယောင်း၏မျက်ဝန်းတို့ကအနည်းငယ်နီနေသည်။
Jeon ကိုမကျေမနပ်နှင့်ကြည့်ပြီး ဘီယာဘူးအားလှမ်းဆွဲသည်။"တော်တော့... limit ကျော်နေပြီ"
"ပြန်ပေး ငါသောက်ဦးမှာ"
"မပေးဘူး"
"ပေးကွာ! JeonJungkook!"
"ဘာလဲ!"
ဘီယာဘူးအားကိုင်မြှောက်ရင်းထယ်ယောင်းမမှီအောင် မတ်တပ်ရပ်ပြီး မော့ချလိုက်သည်။
ဘူးခွံအား အဝေးကြီးရောက်သည်အထိပစ်ထုတ်လိုက်သောအခါ ထယ်ယောင်းကမျက်ထောင့်နီနဲ့ကြည့်သည်။"အကျင့်မကောင်းတဲ့ကောင်"
ဆူပုတ်ပုတ်ပြောကာ ကားဘောနပ်စ်ပေါ်ပြန်ထိုင်ချသည်။
ထယ်ယာင်း၏ပြိုင်ကားအဝါလေးလဲပလုံစွက်သွားပြီဖြစ်သည်။
ကားပြိုင်ပွဲမှာ ရှုံး၍မဟုတ်။
နိုင်ရက်သားနဲ့ သူများရဲ့ရပ်ထားတဲ့ကားကို တည့်တည့်ဝင်တိုက်လိုက်သောကြောင့် အလျှော်ပြန်ပေးလိုက်ရခြင်းပင်။
Jeon ကလဲ စိတ်ကျေနပ်ပါစေဆိုပြီးလွှတ်ထားလိုက်တာဖြစ်သည်။
YOU ARE READING
I hate you, I love you [Complete]
Fanfictionစနစ်တကျလှည့်စားမှုတွေကြား လှလှပပပဲပျော်ဝင်သွားတဲ့အခါ.........လှပတဲ့အချစ်ပုံပြင်တစ်ခုဖြစ်ပေါ်လာနိုင်လား? My first Fan fiction 🖤