Hate(26)(Z+U)

403 41 13
                                    

Chanyeolလည်း သူတို့အတွက်ပြင်ထားပေးသည့် အိပ်ဆောင်ရောက်သည်နှင့် အိပ်ယာထဲပစ်လှဲလိုက်ကာ အိတ်ကပ်ထဲမှ ဖုန်းကိုထုတ်ပြီး Baekhyunဆီဖုန်းဆက်လိုက်ပါသည်။

|ဟဲလို|

''ဟဲလို Bae....''

|နိုးပြီလား...Chan...! မနေ့ညကရော တောင်ပေါ်ကိုချောချောမွေ့မွေ့ပြန်ရောက်ရဲ့လား...! အဲ့ဒီဘက်မှာ မုန်တိုင်းရှိတယ်ပြောတယ်...|

''ကိုယ့်ကိုစိတ်မပူပါနဲ့...! Baeရော အလုပ်တွေအဆင်ပြေရဲ့လား...!''

''ဒီမှာအားလုံးအဆင်ပြေတယ်...! အမှုစစ်ကြီးနဲ့ စကားနည်းနည်းပါးပါးပြောပြီး လိုအပ်တာတွေကိုတော့ ကုမ္ပဏီရဲ့ရှေ့နေအဖွဲ့ကဆက်လုပ်လိမ့်မယ်...!

''Baeပင်ပန်းနေတယ်ဆို ကိုယ်အဲ့ဒီကိုအရင်ပြန်လာခဲ့မယ်လေ...''

|မဟုတ်တာ... ငါပြန်လာမှာပါ..! Appaနဲ့ ခရီးမသွားရတာ ကြာနေပြီမလား...! ဒီခရီးစဉ်လေးတော့ အပျက်မခံနိုင်ဘူး ငါပျော်ချင်တယ် Chan...''

''ဟုတ်ပါပြီ..! ကိုယ်ကBaeပင်ပန်းမှားစိုးလို့ပါ...! ဒါနဲ့Baeဘယ်အချိန်ပြန်ရောက်မှာလဲ...''

|လမ်းမှာမနားတော့ဘူးဆိုတော့ နေ့လယ်လောက်ရောက်မယ်ထင်တယ်...! မင်းဘာမှာချင်လို့လဲ...''

''မှာစရာမရှိပါဘူး...! ကားကိုဖြည်းဖြည်းမောင်းနော်...''

|ဟုတ်ကဲ့ပါ သခင်လေးရယ်...! ဒါနဲ့ မနက်စာရော စားပြီးပြီလား Appaရော နေကောင်းတယ်မလား...|

''ဒီဘက်ကိုဘာမှစိတ်မပူနဲ့...အားလုံးအဆင်ပြေတယ်...''

|ဟုတ်ပါပြီ အဲ့ဒါဆို နေ့လယ်မှတွေ့မယ် Bye..Bye...|

Baekhyunဖုန်းချသွားသည်နှင့် သူလည်းဖုန်းကိုစက်ပိတ်ကာ ထိုးအိပ်လိုက်ပါတော့သည်။

°~°~°~°~°~°~°~°~°~°~°~°~°~°~°~°~°~°~

သတိနှင့်အိပ်နေသဖြင့် နေ့လယ်ဆယ့်တစ်နာရီခွဲ သူပြန်နိုးလာပါသည်။

ခေါင်းထဲမှာ ငြီးစီစီဖြစ်နေသမျှ အနည်းငယ်တော့ကြည်သွားသည်။

သူရေမိုးချိုးရန် အိပ်ဆောင်အနောက်ဘက်ရှိ ရေချိုးခန်းငယ်ပုံစံဆောက်လုပ်ထားသည့် အဆောင်ငယ်လေးထဲသို့် ဝင်လာခဲ့ပါတော့သည်။

Hate (completed)Donde viven las historias. Descúbrelo ahora