25.7K 2.7K 107
Unicode:
ဟူချီက လှပသည်။ အရမ်းလှပပြီး အဆင်းတင့်တယ်သည်။ သူမတွင် ကောင်းမွန်သော ပုံရိပ်လည်း ရှိသည်။ ထက်ထက်မြက်မြက်ရှိပြီး ခန္ဓာကိုယ်ပြည့်ပြည့်ဖြိုးဖြိုး လေး ဖြစ်သည်။ ချူးလန်က သေချာပေါက် သူမကို နှစ်သက်လိမ့်မည်။ သူ့မှာ ပြားချပ်ချပ်ရင်ဖက်ကြီးပဲ ရှိတာကြောင့် ရှရှီး အမြဲနောင်တရခဲ့ရသည်။ ချူးလန်က လိင်ကိစ္စမှာလည်း အရမ်းကျွမ်းကျင်နေပြီဖြစ်သည်။ အနမ်းတစ်ပွင့်နဲ့တင် ဗိုက်ကြီးလာမယ်လို့ပဲ ထင်နေခဲ့တဲ့ ဆယ်ကျော်သက်လေး မဟုတ်တော့ပေ။ ဒါကြောင့် သူတို့ ဒီနေ့ည ကောင်းမွန်တဲ့အချိန်လေးကို ဖြတ်သန်းနေကြမှာပင်။
ဟုတ်တယ်မလား။
ချူးလန်က ကြံ့ခိုင်ဖြတ်လတ်သည်။ နောက်ပြီး လိင်ကိစ္စမဆောင်ရွက်သည်မှာ ရက်အနည်းငယ်ရှိပြီဖြစ်တာကြောင့် သူလုံးဝကို သေချာပေါက်........။
ရှရှီး က ထိုအကြောင်းတွေကိုပဲ စဥ်းစားနေမိပြီး သူ့ခေါင်းထဲ ထိုအတွေးတွေက တသွင်သွင်စီးဆင်းနေသည်။ သူက ချူးလန်နဲ့ ဟူချီ အကြောင်းကိုသာ တစ်ဖန်စဥ်းစားနေမိပြီး သူတို့နမ်းနေတဲ့ မြင်ကွင်းကိုသာ မြင်ယောင်လာသည်။
သူ့နှလုံးသားလေးထဲကိုဓားနဲ့ အကြိမ်ကြိမ် ထိုးစိုက်ခံလိုက်ရသလိုပင်။ ရှရှီး နှုတ်ခမ်းကိုကိုက်ကာ မျက်လုံးမှိတ်ထားလိုက်သည်။ ဒါပေမယ့် မသက်မသာ ခံစားနေရဆဲပင်။ သူ့ကိုယ်သူ စောင်ထူထူကြီးအောက်မှာ မြှုပ်နှံလိုက်တော့သည်။
သူ့ရဲ့အိပ်ယာက အတော်လေးနွေးထွေးပါသည်။ ဘာလို့လဲဆိုတော့ သူ မအိပ်ခင်မှာ အစေခံတစ်ယောက်က အေးမနေအောင်ဆိုပြီး ကုတင်အောင်မှာ ရေနွေးအိုးတွေ အများကြီး ထားပေးထားလို့ဖြစ်သည်။ သူ့ခြေထောက်ဘေးမှာလည်း ရေနွေးပူအိတ်တွေ ရှိနေသည်။
စောင်က အရမ်းထူတာကြောင့် အရာအားလုံးကို မြင်ကွင်းမှ ပိတ်ကွယ်ထားနိုင်သည်။ အပြင်ဖက်က လတ်ဆတ်တဲ့လေတွေလည်း ဝင်မလာနိုင်ပေ။ ရှရှီး မကြာခင်ပဲ အသက်ရှုသံတွေ မှေးမှိန်လာသည်။ သူအသက်ရှုကြပ်ပြီး သေမှာမဟုတ်ပေမယ့် နည်းနည်းတော့ မသက်မသာဖြစ်နေသည်။ ဒါပေမယ့် သူစောင်ထဲကနေလည်း လုံးလုံးမထွက်ချင်ပေ။ ဒီမသက်မသာခံစားချက်ကြီးက သူ့အတွေးတွေ လွင့်ပျယ်စေသည်။ အခုသူလိုအပ်နေတာကလည်း ထိုအတွေးတွေကို မတွေးမိဖို့ လိုအပ်နေတာပင်။
ဘုရင်လေး/ ဘုရင္ေလး(ဘာသာပြန်)(Completed)Tempat cerita menjadi hidup. Temukan sekarang