Chapter - 84

3.3K 647 4
                                    

Unicode

ကျင်းရှန်ရင်ကျန်းလက်ဖက်ရည်
__________________

နောက်နေ့မနက်မှာ သူ အန်တီရှန့်ဆီကနေဖုန်းရလိုက်သည်။

"ငါ အိမ်ကိုရောက်ပြီး ကောင်းကောင်းအိပ်ပြီးပြီ။ မင်းတို့က ဘယ်မှာတုန်း? မြန်မြန်လာ အရိုအသေပေးစမ်း! မင်းရဲ့ကြက်သွန်မြိတ်အလှလေးကိုခေါ်လာဖို့သတိရ။ မင်းအဒေါ် ငါ စောင့်နေမယ်။"

ရှန်ဖူ့မျက်လုံးတွေက မှောင်မိုက်သွားပြီး သူ ဆဲသာဆဲလိုက်ချင်တော့သည်။ သို့သော်ငြား ဖုန်းတစ်ဖက်ရှိလူက သူ့အဒေါ်ဖြစ်နေ၏။ သူ့မှာ ဝမ်းနဲ့အပြည့်မကျေနပ်ချက်တွေကို မြိုချဖို့သာတတ်နိုင်ပြီး လင်ရှုယီကိုနှိုးဖို့ ခေါင်းလှည့်သည်။

လင်ရှုယီမှာ မနက်နှစ်နာရီကြီးနိုးလာပြီးနောက် အချိန်အတော်ကြာအောင်အိပ်မပျော်တော့ချေ။ အခု သူက အရမ်းကိုနှစ်နှစ်ခြိုက်ခြိုက်အိပ်နေတာဖြစ်ပြီး ရှန်ဖူနှိုးတာခံလိုက်ရသည်။ လင်ရှုယီက ကျွန်တော် အရမ်းအရမ်းကိုအိပ်ချင်နေတယ်ဆိုတဲ့မျက်နှာနဲ့ အိပ်ချင်မူးတူးဖြင့် မျက်လုံးဖွင့်၏။ ဒါကိုမြင်တဲ့အခါ သူ့နှလုံးသားလေးနာကျင်သွားတာကို ရှန်ဖူခံစားမိလိုက်ပြီး လင်ရှုယီကို ထပ်မနှိုးခင် အားလုံးစီစဉ်ထားဖို့ရည်ရွယ်လျက် သူ့ကိုပြန်သွားအိပ်စေသည်။

ပထမဆုံး သူက ထန်ရှောင်းကိုဖုန်းခေါ်ကာ သူ့ကို ဆိုင်ကူဖွင့်ပေးဖို့ပြောသည်။ အခုတလော ထန်ရှောင်းက တဟုန်ထိုးတိုးတက်လာသည်။ သူက ဟင်းလျာတွေအများကြီးမသင်ရသေးပေမယ့် ဆိုင်ကိုခဏလောက်ကြည့်ပေးထားဖို့တော့ဖြစ်နိုင်သည်။ သူက အဖိုးအိုယန်ကိုလည်းဖုန်းဆက်ပြီး ထန်ရှောင်းကိုကူပေးဖို့ပြောသည်။ ထို့နောက် သူက Hမြို့ကိုသွားဖို့ စတင်ပြင်ဆင်၏။ နောက်ဆုံးမှာတော့ သူတို့က တခြားကိစ္စတွေထက် ဒီကိစ္စဟိုကိစ္စနဲ့ ဟိုနဲ့ဒီခဏခဏပြေးလွှားနေရတာကို သူ နားလည်သွားသည်။ သူ ဒီအိမ်ကို သေချာပေါက်အဆင်သင့်ပြင်ပြီး သူတို့အားလုံးကို ဒီမှာနေခိုင်းရမယ်။

နှစ်သစ်ကူးရက်က လဝက်အကြာမှာ။ ကြည့်ရတာ ဘာပဲဖြစ်ဖြစ် သူ အိမ်ကို နှစ်သစ်ကူးမတိုင်ခင် အပြီးသတ်ရမယ့်ပုံပဲ။ မဟုတ်ရင် သူတို့ ဟိုနဲ့ဒီကို ခဏခဏပိုပြေးလွှားနေရတော့မယ်လို့ သူ အာရုံရနေတယ်။

I'm a Chef in the Modern Era [Myanmar Translation]Donde viven las historias. Descúbrelo ahora