Chapter-54
Bittersweet Confession
>>>Unicode<<<
Meilika သည် ဤလုပ်ရပ်မျိုးကို မရေမတွက်နိုင်အောင် အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ဖူးပြီးသား ဖြစ်သည်။ ဉာဏ်ကောင်းသော သူမအဖို့ ဤကိစ္စက ခက်ခဲသည်တော့ မဟုတ်ပေ။ သူမ၏ မျက်လုံးများက အဝတ်စဖြင့် စည်းနှောင်ခံထားရကာ ထိုအဝတ်စကို ဆွဲမဖြုတ်နိုင်ရလေအောင် သူမ၏ လက်များကိုလည်း နောက်ပြန် ချည်နှောင်ခံထားရလေသည်။ ဤကဲ့သို့ ဖြစ်အင်က အထူးအဆန်းတော့ မဟုတ်ပေ။ တစ်နှစ်တွင် နှစ်ကြိမ်၊ သုံးကြိမ်လောက် သူမ၏ အမေနှင့် သွားတွေ့ရလေတိုင်း ထိုသို့ ပြင်ဆင်မှုများ လုပ်ပြီးမှသာ သူမကို ခေါ်ဆောင် သွားလေ့ရှိသည်။
ပြင်ဆင်မှုများ၏ မူရင်း အကြံမှာ Meilika က သတိ ရှိနေရမည်တော့ မဟုတ်။ သူမက လမ်းခရီးတလျှောက်လုံး အိပ်ပျော်နေရမည်သာ။ သို့သော် Meilika က Danz ဆင်သည့် အကွက်တိုင်း အဝင်မခံခဲ့ပေ။ အချိန်အများစု၌ Danz တိုက်သည့် ဆေးများကို သောက်ချင်ယောင် ဟန်ဆောင်ပြီး ကွယ်ရာတွင် ထွေးထုတ်လို့ ရတိုင်း ထွေးထုတ်ပစ်ခဲ့သည်။ အချိန်တိုင်းတော့လည်း သူမ မလုပ်နိုင်ခဲ့။
သူမ ခရီးလမ်းတလျှောက် သတိရှိနေသည့် အချိန်များတွင် ငြိမ်ငြိမ်လေး ထိုင်လျက် အိပ်ပျော်နေသည်တော့ မဟုတ်ပေ။ အကြား အာရုံဖြင့် သူမ လမ်းတလျှောက် ကားရပ်နားသည့် အချိန်၌ ကြားရသော အသံတို့ကို မှတ်သားထားကာ ကားစထွက်ကတည်းက တစ်၊နှစ်၊သုံး၊လေး ဟူသည့် နံပါတ်စဉ်များကို မနားတမ်း မှတ်သား ရေတွက်နေလေသည်။
565, 566, 567, 568...
ထိုကိန်းဂဏန်းများ ရေတွက်ချိန်၌ ကိန်းဂဏန်းများ မှားယွင်း ရေတွက်မှုကို အဖြစ်မခံနိုင်သောကြောင့် ရေတွက်မှု အပေါ်ကိုသာ အပြည့်အဝ အာရုံစိုက်ထားလေ၏။ ဤသည်က လွယ်ကူသည်ဟု ထင်မှတ်ရသည်။ အထူးသဖြင့် သူမ၏ အမြင်အာရုံက အာရုံထွေပြားစရာ မြင်ကွင်းမျိုးလည်း စူးစိုက် ကြည့်ရှုရန် မလိုအပ်သည့် အခါမျိုး၌ပင်။ သို့သော် ထိုအရာက သူမ၏ အာရုံ စူးစိုက်မှုကို ခက်ခဲစေသည် မဟုတ်။ အမှန်တကယ် ခက်ခဲစေသည်က သူမ၏ လက်များကြောင့်ပင်။ သူမ၏ လက်တို့က အချိန် ကြာမြင့်စွာ နောက်ပြန် ချည်နှောင်ခံထားရသောကြောင့် လက်ကောက်ဝတ်တို့ ထုံပြီး ညောင်းညာ နာကျင်နေမှုကိုတော့ အာရုံမစိုက်မိရန် ခက်ခဲလှပေသည်။
KAMU SEDANG MEMBACA
Make Me Yours (KristSingto Fanfiction)
Fiksi PenggemarFirst KristSingto Fanfiction >>>Main Story>>Unicode>>Zawgyi<<< အချစ်ဆိုတဲ့အရာကလူအမျိုးမျိုးထံသို့မထင်မှတ်ထားတဲ့ပုံစံအမျိုးမျိုးနဲ့ရောက်လာတတ်ပါတယ်။ စိတ်ကူးဖြင့်သာဖန်တီးပုံဖော်ရေးသားထားခြင်းဖြစ်ပါတယ်။ Update ကို စိတ်ရှည် သည်းခံစွာ စောင့်ဆိုင်းနိုင်မှသ...