ရှောင်းကျန့်က ဝမ်ရိပေါ်ကိုစိတ်ဆိုးနေတယ်။
လူကို ရုတ်တစ်ရက်ကြီး ထဝန်ခံပြီးမှ သူ့သဘောနဲ့သူ ပြန်ရုပ်သိမ်းပြန်တယ်။ သဘောကျလားမေးပြီး စဉ်းစားဖို့အချိန်တောင်မပေးချင်ဘူး။
စိတ်ပေါက်ပေါက်နဲ့ ကမ်းခြေကခရုခွံတွေကောက်လို့ ပင်လယ်ထဲကိုပစ်နေမိတယ်။ ထမင်းလည်းစားချင်စိတ်မရှိတော့ဘူး။
ပင်လယ်ပြင်ကြီးပေါ်မေးတင်နေတဲ့ နေဝန်းကြီးက ပတ်ဝန်းကျင်ကို အစွမ်းကိုခြယ်သထားပေမဲ့လည်း ရှောင်းကျန့်ကတော့ တစ်စက်ကလေးတောင်မခံစားနိုင်သေးဘူး။
"ဝမ်ရိပေါ်...သောက်ကျင့်မကောင်းတဲ့အကောင်"
စိတ်ဆိုးဆိုးနဲ့ ကောက်လိုက်တဲ့အရာက ခပ်မာမာခရုခွံမဟုတ်ပဲ လှုပ်စိလှုပ်စိ ကြယ်ငါးသေးသေးလေးဖြစ်တယ်။
သေချာကြည့်တော့မှ ကမ်းစပ်မှာတင်နေတဲ့ ကြယ်ငါးလေးတွေကိုတွေ့တော့တယ်။ လက်ထဲကကြယ်ငါးလေးကို ပင်လယ်ထဲပစ်လိုက်ပြီး နောက်ထပ်ကြယ်ငါးတွေကိုကောက်ဖို့လုပ်လိုက်တယ်။
ခဏအကြာ နောက်နားခပ်လှမ်းလှမ်းမှာထိုင်နေတဲ့ လူတစ်ယောက်က သူ့ဆီထလာတာကို ခပ်ရိပ်ရိပ်လေးမြင်လိုက်ရတယ်။ သေချာအောင်လှည့်ကြည့်လိုက်တော့ ဝမ်ရိပေါ်ဖြစ်နေတယ်။
"မင်း ဘာလာလုပ်တာလဲ"
"ခင်ဗျားနောက်လိုက်လာတာလေ"
"အခု ငါမင်းနဲ့ စကားပြောချင်စိတ်မရှိနေဘူးနော်"
"ရတယ်"
"မင်းပြောတာလည်း နားမထောင်ချင်ဘူး"
"ကိစ္စမရှိဘူး"
"မင်း...."
ရှောင်းကျန့်ရဲ့ ငြိမ်စပြုနေတဲ့ ဒေါသမီးတောင်ကလေးက ပြန်လည်ဆူပွက်ချင်လာတယ်။
ဒီကောင်က ဒါဆို ဘာလို့လိုက်လာတာလဲ....
ဘာမှလည်းမပြောဘဲ ဘာလာလုပ်တာလဲ....
ရှောင်းကျန့်က ဝမ်ရိပေါ်နားကနေ ခပ်ခွာခွာနေပြီး အစောကအတိုင်း ကြယ်ငါးလေးတွေကို ပင်လယ်ထဲပြန်လွှတ်ရင်းသာအချိန်ဖြုန်းနေလိုက်တယ်။ ဝမ်ရိပေါ်ကတော့ တကယ်ပဲ ဘာမှမပြောဘဲ ရှောင်းကျန့်လုပ်သမျှကိုပဲ ထိုင်ကြည့်နေတယ်။
YOU ARE READING
JUST ANOTHER BOY [ Completed ]
Fanfiction[ BJYX Fanfiction ] . . . Jan 14 2021~ Oct 13 2021