Chapter (3) Double ရတနာ ...

7.2K 54 0
                                    


Double ရတနာ ...

@@@@@@@@

" တုံ ... " ( facebook messenger အသံ )

( အရမ်းလွမ်းတယ်ကွာ .. အခု ဘာလုပ်နေလဲ )

( ဆိုင်အတွက် လိုအပ်တဲ့ စာရင်းတွေ လုပ်နေတယ် .. ယွန်းရော ဘာလုပ်နေလဲ )

( ပြောပြီးပြီလေ .. ကို့ကို ထိုင်လွမ်းနေပါတယ်ဆိုနေ .. ကိုရယ် .. မတွေ့ရတာ တစ်လတောင် ရှိတော့မယ် ပြန်မလာသေးဘူးလား )

( နောက် ၃ရက်လောက်နေရင် ပြန်လာတော့မှာပါ။ ကိုလဲ အရမ်းလွမ်းတာပဲ။ အလုပ်ကိစ္စဆိုတော့ မဖြစ်မနေ သွားရတာမို့ပါ )

( အင်းပါ .. ကိုယ့်ချစ်သူလေးက အလုပ်တွေ အရမ်းကြိုးစားတော့ ဒီက ဝမ်းသာရမှာပေါ့။ ကျန်းမာရေးလဲ ဂရုစိုက်နော် )

( အင်းပါ .. ယွန်းလဲ ဂရုစိုက်နော် .. )

( သြော် .. ကို .. ပြောစရာရှိတယ်။ ကို ပြန်လာရင် ယွန်းရဲ့ မမ တစ်ယောက်နဲ့ မိတ်ဆက်ပေးမလို့ .. သိလား )

( ဟုတ်လား .. ယွန်းအိမ်က သိသွားကြပြီလား .. )

( အကုန်တော့ မသိဘူး။ ဒါပေမယ့် လွန်း နဲ့ အရင်မိတ်ဆက်ပေးမှာ။ ယွန်းအထက်က မမ လေ။
မဇင်နဲ့ မမဖြူ ကတော့ နောက်မှ ထမင်းစားပွဲလုပ်ပြီး မိတ်ဆက်ပေးမယ်။ လွန်းက ဇွတ်ကိုပဲ ကိုနဲ့ မိတ်ဆက်ခိုင်းနေတာ။ )

( ယွန်းရဲ့ အမြွှာအစ်မ လွန်းရတနာ ဆိုတာလား )

( ဟုတ်ပ .. တစ်ခြားသူတွေသာ ဖုံးထားလို့ရမယ် .. လွန်းကိုတော့ အကြာကြီး ဖုံးထားလို့ မရဘူး။
သူက ယွန်းနဲ့ စိတ်ဓါတ်ခြင်း အရမ်းတူတာ။ ကို မြင်ရင် သိပါလိမ့်မယ်။ လွန်း နဲ့ ယွန်းက ညီအစ်မတွေဆိုတာထက်
သူငယ်ချင်းလိုပေါင်းတာ။ အရမ်းလဲ ချစ်ကြသလို အရမ်းလဲ သတ်ကြတာ .. ဟိ )

( အင် .. ဘယ်လိုကြီးလဲ .. )

( ဟိ .. ငယ်တုန်းကဆို ခဏခဏ ရန်ဖြစ်တာလေ။ ပြီးရင်လဲ တစ်ယောက်နဲ့တစ်ယောက် အပျောက်မခံဘူး သိလား။
ကဲပါ .. ကို ပြန်ရောက်မှပဲ တွေ့ကြတာပေါ့။ လွန်း နဲ့ မတွေ့ခင် မှာစရာရှိတာလေးတွေ မှာထားရဦးမယ်။
လွန်းက အရမ်းလည်တာ .. ကို့ကို မြင်တာနဲ့ ဒုက္ခပေးမှာ သေချာတယ် )

( ကြောက်စရာကြီး .. ဟ ဟ )

( အမယ် သူများ အစ်မကို ဘာကြောက်စရာကြီးလဲ .. လွန်းက ယွန်းလိုပဲ အရမ်းချစ်ဖို့ကောင်းတယ် .. ခစ် .. ခစ် .. ဒါပဲနော် ..
အောက်တော့မယ် .. အာဘွား .. မွှစ် မွှစ် .. အရမ်းချစ်တယ် )

( အာဘွား .. အရမ်းချစ်တယ် )

.........................။

ကျွန်တော် အလုပ်ကိစ္စနဲ့ မြဝတီ ရောက်နေခြင်းဖြစ်သည်။ ချစ်သူလေးနဲ့ မတွေ့ရတာ တစ်လတောင် ပြည့်တော့မယ်။ ပစ္စည်းအသစ်တွေ တစ်လအတွင်း ဆက်တိုက် ရောက်မှာမို့ စိတ်တိုင်းကျ ရွေးချယ်ဖို့ မြဝတီမှာ တစ်လလောက် လာနေရသည်။ ပစ္စည်းရတာနဲ့ ချက်ချင်းပြန်ပြီး ချစ်သူလေးနဲ့ အလွမ်းသည်ချင်လှပြီ။ ယွန်းလဲ ကျွန်တော့်ကို အရမ်းလွမ်းနေလောက်ပြီ။ အနေဝေးတဲ့ ချစ်သူတွေ ချစ်ရတာ ဘယ်လောက် ..
ပင်ပန်းလဲ ကျွန်တော် နားလည်သွားသည်။ ကျွန်တော်တောင် တစ်လ မပြည့်သေး .. အရမ်း လွမ်းနေရသည်။ အချိန်အကြာကြီး ဝေးနေသူတွေ ဘယ်လောက်များ ခံစားလိုက်ရမလဲ ....။

ယွန်းတို့ မိသားစုဝင် အားလုံးပေါင်း (၅)ယောက်ရှိသည်။ ယွန်းဖေဖေ က ယွန်းမွေးပြီး မကြာခင်မှာပဲ နှလုံးရောဂါနဲ့ ဆုံးသွားရှာလေပြီ။ ယွန်းက မိသားစုထဲမှာ အငယ်ဆုံး သမီးဖြစ်သည်။ သူ့အမေရယ် သူ့အစ်မ (၃)ယောက်နဲ့အတူနေကြသည်။ အငယ်ဆုံး သမီးမို့ အားလုံးက အလိုလိုက်ထားသည်။ ယွန်းတို့ ညီအစ်မတွေ အကုန်လုံး အိမ်ထောင် မကျသေးပေ။ သိရသလောက် ယွန်းအစ်မတွေမှာ ရည်းစားပင် မရှိကြ။
အားလုံးက အပျိုကြီးတွေ လုပ်မယ်လို့ ဆုံးဖြတ်ထားပုံပဲ။ ယွန်းဖေဖေ ရှာထားခဲ့သည်များမှာ မနည်းတာမို့ ဘဏ်တိုးနဲ့တင် ယွန်းတို့ တစ်မိသားစုလုံး အလုံလောက် သုံးဆွဲနိုင်သည်။ ယွန်းက အိမ်မှာပဲ Handmade ပစ္စည်းလေးတွေလုပ်ကာ Online ကနေ ရောင်းသည်။ ယွန်းအစ်မ လွန်းကတော့ ယွန်းလိုပဲ အင်္ဂလိပ်မေဂျာနဲ့ Master ဘွဲ့ရထားပြီး ၁၀ တန်း ကလေးများကို ဂိုက်ပြန်လုပ်ပေးသည်။ ကျန်တဲ့ မိသားစုဝင်များကတော့ မှီခို ပေါ့။

ယွန်းတစ်ယောက်သာ ကျွန်တော်နဲ့ ချစ်သူတွေဖြစ်ပြီး အိမ်ထောင်ပြုဖို့ ရည်ရွယ်ထားသူဖြစ်သည်။ ကျန်တဲ့ အစ်မတွေကတော့ အိမ်ထောင်မပြုတော့ဘူးလို့ ယွန်း ပြောဖူးသည်။ အခုဆို ကျွန်တော်နဲ့ ယွန်း ချစ်သူဖြစ်တာ တစ်နှစ်ပြည့်တော့မယ်။ ကျွန်တော့် မိဘတွေနဲ့ ယွန်းကို မိတ်ဆက်ပေးပြီးပြီ။ ယွန်းကတော့ သူ့အိမ်ကလူတွေနဲ့ မိတ်မဆက်ပေးသေးဘူး။ အငယ်ဆုံးလေးမို့ အားလုံးက နှမြောမှာ အသေချာပဲမို့ မပြောရဲသေးဘူးလို့ ဆိုသည်။ ကျွန်တော်လဲ ယွန်း စိတ်သဘောကျ နေပေးခဲ့သည်။ ချစ်သူ သက်တမ်း (၂)နှစ်လောက်နေမှ အိမ်ထောင်ပြုကြမယ်လို့ တိုင်ပင်ထားသည်။

ယွန်းရဲ့ အထက်က သူ့အစ်မ လွန်းရတနာ နဲ့ တွေ့ရတော့မယ်ဆိုတော့ စိတ်လှုပ်ရှားမိသည်။ မိသားစုဝင်တစ်ဦးနဲ့ ပထမဆုံး တွေ့ရမှာမို့ တစ်ခုခု မှားလို့တော့ မဖြစ်။ သူတို့ သဘောကျဖြစ်ဖို့ ကြိုးစားရမည်။ ယွန်း ပြောပြထားလို့ လွန်းရတနာ အကြောင်းတော့ အနည်းငယ် သိထားသည်။ ယွန်း နဲ့ တစ်မိနစ်သာ ခြားပြီး မွေးထားတဲ့ အမြွှာ အစ်မ ဖြစ်သည်။ ယွန်းနဲ့ ရုပ်ရော စိတ်ရော အရမ်းတူတယ်လို့ သိထားသည်။ မိသားစုဝင် တစ်ဦးနဲ့ ပထမဆုံးတွေ့ဆုံတဲ့အခါ အားလုံး အဆင်ပြေပါစေလို့ ကျွန်တော် ဆုတောင်းနေမိသည်။

..................။

ခရီးက ပြန်ရောက်ရောက်ချင်း ချစ်သူလေးဆီ သတင်းပို့ရသည်။ ဒီနေ့တော့ ခရီးပန်းနေပြီမို့ ယွန်းနဲ့ မနက်ဖြန်မှ တွေ့နေကြ မွန်းဆန်းနားမှာ ချိန်းထားသည်။ မတွေ့ရတာ ကြာပြီမို့ ချစ်သူလေးကို လွမ်းလှပြီ။ ထုံးစံအတိုင်း မွန်းဆန်းနားမှာ တစ်ခုခု စားပြီး ဝင်းအောင်ရဲ့ တိုက်ခန်းမှာ အေးဆေး နှစ်ပါးသွားဖို့ စီစဉ်ထားသည်။

ကျွန်တော် နဲ့ ယွန်းက Sex ကိစ္စမှာ အတော်လေး နားလည်မှု ရနေကြပြီ။ အတိုင်ဖောက်ညီညီနဲ့ နှစ်ယောက်စလုံး နားလည်မှုအပြည့်နဲ့ ဆန္ဒတွေ ဖြည့်ဆည်းပေးနိုင်ခဲ့သည်။ မနက်ဖြန်တော့ တစ်လစာ အလွမ်းတွေကို အတိုးချပြီး ဝင်းအောင်ရဲ့ တိုက်ခန်းမှာ တစ်နေကုန် ကြည်နူးမယ်လို့ ဆုံးဖြတ်ထားသည်။ ယွန်းကလဲ ကျွန်တော် ဘာဖြစ်ချင်လဲဆိုတာ မပြောပဲ သိတယ်။ ကျွန်တော့်မှာ Sex နဲ့ ပက်သက်ပြီး နားလည်မှု အပြည့်ရှိတဲ့ ချစ်သူလေးကို ပိုင်ဆိုင်ထားလို့ ကံကောင်းသည်ဟု ဆိုရမည်။ မနက်ဖြန်ကို တွေးရင်း ရင်ခုန်မိပြန်သည်။

.......................။

" .............. "

" ဟိတ် အိပ်ပုပ်ကြီး မထ သေးဘူးလား။ ၁၀နာရီထိုးနေပြီနော်။ ဒီက အလှတွေပြင်ပြီး မွန်းဆန်းနားကို သွားတော့မှာ .. သူက ခုချိန်ထိ မထသေးဘူး "

" ဆောရီးပါ ယွန်းရယ် .. ကို ခရီးပန်းနေလို့ အိပ်တာ ကြာသွားတယ်။ ကဲ .. ထပြီ ချစ်သူလေးရေ ..
ရေချိုးပြီး အခု ထွက်လာခဲ့မယ်။ ယွန်း ကြိုရောက်နေလဲ ကို့ကို ခဏစောင့်ပေးနော် "

" အင်း .. အဲ့ဒါဆို ယွန်း သွားတော့မယ်နော်။ ကို့ကို မွန်းဆန်းနားကနေ စောင့်နေမယ်။ မြန်မြန်လာခဲ့နော် "

" အိုကေ .. "

အိပ်ယာထပြီး ရေအမြန်ချိုးကာ ကျွန်တော်လဲ မွန်းဆန်းနားကို အပြေးလေး ထွက်လာခဲ့တယ်။ တစ်လလောက် လွမ်းနေရတဲ့ ချစ်သူလေးကို တွေ့ချင်လှပြီ။ အရှင်းဆုံးလမ်းကို ရွေးပြီး အမြန်ဆုံး မောင်းလာခဲ့တော့သည်။ မွန်းဆန်းနားကိုရောက်တော့ ကျွန်တော်တို့ ထိုင်နေကြ အပေါ်ထက်က စုံတွဲခုံလေးသို့ အပြေးတက်လာခဲ့သည်။ တနင်္လာနေ့ နေ့လည်ခင်းမို့ မွန်းဆန်းနား အပေါ်ထပ်မှာ လူရှင်းနေသည်။

ရင်ဝှက်ကဗျာ ( Yin Wat Kabyar )Donde viven las historias. Descúbrelo ahora